၁၆. ၁၂. ၂၀၂၄
Photo by Tha Doe
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပဋိပက္ခမှာ PDF တွေက ပြည်သူတွေ ပျော်ပျော်ပါးပါးသွားလာတာမြင်တိုင်း ဆဲဆိုရှုတ်ချဗုံးခွဲနေတာကြောင့် ကိုဗစ်ကပ် တစ်ကမ္ဘာလုံးဖြတ်ကျော်လာတာတောင် မြန်မာနိုင်ငံမှာ နာမည်ကျော်ပွဲစျေးတွေ ကျင်းပနိုင်မှုအားနည်းနေတာရှိပေမယ့် လေးနှစ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ကျွန်းတောပွဲစျေးကို ဒီနှစ်မှာ ပြန်ကျင်းပနိုင်ခဲ့ပါတယ်။
ဆန္ဒပြတိုက်ခိုက်မှုတွေ အဓိကပြုလုပ်ရာ မြေနီကုန်းတစ်ဝိုက်ကို ပိုင်ဆိုင်ထားတဲ့ စမ်းချောင်းဟာ PDF တွေရဲ့ တိုက်ခိုက် သတ်ဖြတ် ဗုံးခွဲမှုတွေ မကြာခဏပြုလုပ်ရာရပ်ဝန်းဖြစ်လို့ ဒီလိုနေရာမျိုးက ကျွန်းတောလမ်းပွဲစျေးဟာ နှောင့်ယှက်ဖျက်ဆီးခံရမလား တွေးထင့်စရာရှိပေမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိတော့ PDF တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှု မမြင်ရသလို ပြည်သူအများအပြား နေ့စဥ်လာရောက် ပျော်ပါးနိုင်ခဲ့တဲ့ အောင်မြင်သောပွဲစျေးတစ်ခုဖြစ်ခဲ့ပါတယ်။