၉. ၁. ၂၀၂၃
Written by Nay Moe
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာတွင် ၂၀၂၃ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံနေသည့် Working Group အား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် GuerrillaRevolutionary Force – DiRF (ထားဝယ်-ပက၈) တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လခရတစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီးတွင် ရွေးကောက်ပွဲအတွက် တပ်သားများနှင့်အတူ မဲစာရင်းလိုက်ကောက်နေသောအဖွဲ့အား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် GuerrillaRevolutionary Force – DiRF (ထားဝယ်-ပက၈) တို့က ချောင်းမြောင်းပစ်ခတ်ရာ လခရ ၁ ဦးကျ၍ ၁ ဦးဒဏ်ရာရကာ AK- 47 တစ်လက် ၊ ကျည် (၂၃) တောင့် ၊ မက်ကဇင်တစ်ခု တို့ကို သိမ်းဆည်းရမိခဲ့သည်သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ )က ထုတ်ပြန်ထားသည်။
၂၀၂၃ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို Working Group များဖွဲ့ကာ ယနေ့မှစတင် ကောက်ခံနေပြီး ဇန်နဝါရီလကုန်အထိ ကောက်ခံမည်ဖြစ်ကာ ရွေးကောက်ပွဲအား ပျက်အောင်ဖျက်မည်ဟု ကြေညာထားသည့် NUG ကလည်း စစ်ရေးဆိုင်ရာတိုက်ခိုက်မှုများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် လိုက်လံတွေ့ဆုံ ညွှန်ကြားမှုများပြုလုပ်ထားသည်ဟု သိရသည်။