၁၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ဒေသဆိုင်ရာဆွေးနွေးပွဲနှစ်ခုကို ဒီအပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောခဲ့ပါတယ်။
ဒီအစည်းအဝေးနှစ်ခုအနက် အနည်းဆုံးတစ်ခုမှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်မယ်လို့ ဆိုခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကလည်း ခုလို ကျင်းပတာကြောင့် မြန်မာနိုင်ငံအရေးကို အာဆီယံရဲ့ ဦးစားပေး အဆင့်မှာရှိအောင်နဲ့ အဖွဲ့အတွင်း ပြန်လည်ပူးပေါင်းပါဝင်လာအောင်ဆောင်ရွက်ခြင်းပဲလို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက သီးခြားစီဆွေးနွေးအကြံပြုမယ့် ဒီအစည်းအဝေး နှစ်ရပ်ကို ဒီဇင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်တို့မှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံကို အကျပ်အတည်း အခြေအနေအတွင်း ရောက်ရှိနေမှုမှလွတ်မြောက်စေမယ့် နည်းလမ်းကို ဆွေးနွေးကြဖို့ အောက်တိုဘာလထဲက ကမ်းလှမ်းထားတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက ဒီဇင်ဘာလ ၁၉ ရက် ဆွေးနွေးပွဲမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေတက်ရောက်မှာဖြစ်ပြီး နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေအတွက် အကြံပြုဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ နယ်စပ်ချင်းထိတွေ့ နေတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။
ဒီဇင်ဘာလ ၂၀ ရက်မှာတော့ မြန်မာနိုင်ငံအရေးအပေါ် အာဆီယံနိုင်ငံတွေအနက် စိတ်ဝင်စားတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြကာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံ အများသဘောတူဆန္ဒငါးချက်အပေါ် ဆွေးနွေးကြမှာပါ။ဒီအစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တွေကရော တက်ရောက် ဖို့ရှိမလား ဒါမှမဟုတ် ဘယ်အဆင့် ထိတက်ရောက်မလဲ မရှင်းလင်းသေးပါဘူး။
အင်ဒိုနီရှားမှ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတက်ရောက်မယ်လို့ ပြောခဲ့သလို မလေးရှားနိုင်ငံကလည်း တက် ရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Ref- Bangkok Post