၁၆. ၁၁. ၂၀၂၄
Photo Tha Doe
ရန်ကုန်မြို့၊ အင်းလျားရိပ်သာလမ်းမှာရှိတဲ့ ပညာဘူမိတက္ကသိုလ်နဲ့ အနုဂ္ဂဟအသင်းရုံးချုပ်မှာ ကြွရောက်သီတင်းသုံးနေတော်မူတဲ့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ တစ်ပတ်တာ အပူဇော်ခံ တရားရေအေးတိုက်ကျွေးရာ တရားသဘင်ကို လာရောက်ဖူးမြော် ကန်တော့သူ နေ့စဥ် အလွန်များပြားခဲ့သလို ဒီနေ့နောက်ဆုံးနေ့မှာလည်း ဖူးမြော်သူများပြားခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးက ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ တရားရေအေးတိုက်ကျွေးခဲ့တာဖြစ်ပြီး နေ့စဥ်နံနက် ၇ နာရီတစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတစ်ကြိမ် အပူဇော်ခံရာမှာ သင်္ကန်း၊ ထီး၊ ဖိနပ် အစရှိတဲ့ သံဃာသုံးပရိက္ခရာရှစ်ပါးကို ပြည်သူတွေက ယူဆောင်လာပြီး ဆရာတော်ကြီးထံ လှူဒါန်းခဲ့သလို ကပ္ပိယတွေကတစ်ဆင့်လည်း ဝတ္ထုငွေ လှူဒါန်းခံယူမှုပြုပေးခဲ့ပြီး လာရောက်လှူဒါန်းသူ များပြားခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီနေ့ဆိုရင် ဆရာတော်ကြီးကို ဖူးမြော်သူအလွန်များပြားခဲ့တာကြောင့် ဓမ္မသဘင်ရှိရာ သစ္စာနုပဿနာခန်းမသွားရာ လှေကားထစ်တွေမှာလည်း ဓမ္မမိတ်ဆွေတွေနဲ့ပြည့်နေခဲ့သလို လူမတိုးနိုင်လို့ ခြံဝင်းထဲကပဲ တရားသံနားစွင့် ပူဇော်ခဲ့ရသူလည်း အများအပြားရှိခဲ့ပါတယ်။