၁၆.၁၂. ၂၀၂၄
Translated by Htwe Ko Tun
အိုင်ယာလန်အစိုးရအနေဖြင့် တစ်ဖက်စွန်းရောက်လွန်းသော အစ္စရေးဆန့်ကျင်ရေးမူဝါဒများအရ လုပ်ဆောင်နေသော ကြောင့် အစ္စရေးအနေဖြင့် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ရှိ အစ္စရေးသံရုံးကို ပိတ်ပစ်ရလိမ့်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီအွန်ဆားက ဒီဇင်ဘာလ ၁၅ ရက်မှာ ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
အိုင်ယာလန်အစိုးရရဲ့ ပါလက်စတိုင်းနိုင်ငံကိုအသိအမှတ်ပြုရန် တစ်ဖက်သတ်ဆုံးဖြတ်ချက်ကြောင့် ဒပ်ဘလင်ရှိ အစ္စရေးသံအမတ်ကို ပြန်လည်ဒေါ်ယူပြီးဖြစ်ကြောင်းလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ရာတွင် ဖော်ပြထားခဲ့သည်။
အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟာရစ်က အစ္စရေးသံရုံးကို ပိတ်ရန်ဆုံးဖြတ်ချက်အတွက် အလွန်အမင်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် အိုင်ယာလန်အနေဖြင့် အစ္စရေးဆန့်ကျင်ရေးဆောင်ရွက်နေခြင်းမရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အိုင်ယာလန် ဒုတိယဝန်ကြီးချုပ် မစ်ချေးလ်မာတင်ကလည်း အစ္စရေးနိုင်ငံရှိ အိုင်ယာလန်သံရုံးကိုပိတ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် အစ္စရေးအစိုးရ၏ ဆုံးဖြတ်ချက်အပါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောခဲ့သည်။
၎င်းက အိုင်ယာလန်နိုင်ငံ၏ အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ ရပ်တည်ချက်မှာ အပြည်ပြည်ဆိုင်ရာ အခြေခံမူများနှင့်အညီသာ ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် မာတင်က ဂါဇာစစ်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အပြစ်မဲ့ပြည်သူများသေကြေရကာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများကို ချိုးဖောက်နေသည်ကို လက်မခံနိုင်ကြောင်းလည်း ဆက်လက်ပြောခဲ့သည်။
မာတင်က အစ္စရေးနှင့် အိုင်ယာလန် တို့အကြား သံတမန်ဆက်သွယ်မှုကို ပြုပြင်ထိန်းသိမ်းရန် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပြောခဲ့သည်။
Ref-BBC