နေမိုး
၁၅. ၁၂. ၂၀၂၄
မြေလတ်အသံသတင်းဌာနက လိင်တူချစ်သူအမျိုးသမီးသတင်းထောက်စုံတွဲကို ငွေလိမ်လည်မှုကျုးလွန်ထားတဲ့ ထောက်ပို့ ဝင်းကျော်ဆိုသူက အရက်သေစာသောက်စားပြီး မူးယစ်ဆေးသုံးစွဲထားလို့ ဆေးကြောင်ကာ ရန်စစော်ကားထိုးကြိတ်ချိန်မှာ NUG ဩဇာခံ PDF တွေက နစ်နာသူအမျိုးသမီးတွေဘက်က မကူညီဘဲ ရပ်ကြည့်နေတဲ့အပြင် ထိုးကြိတ်ခံအမျိုးသမီးတွေကိုပါ နှင်ထုတ်လိုက်တဲ့ဖြစ်စဥ်ကို ရှုတ်ချတယ်လို့ မြေလတ်အသံ သတင်းဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စော်ကားထိုးကြိတ်ခံရတဲ့ မြေလတ်အသံသတင်းထောက် ငြိမ်းချမ်းစုကြည်က လူမှုကွန်ရက်မှာ ဖော်ပြရာမှာ သူမတို့လိင်တူချစ်သူစုံတွဲ PDF တွေ ဖွင့်ထားတဲ့ အင်တာနက်ဆိုင်ကနေ ဒီဇင်ဘာ ၁၄ ရက်ညက သတင်းပို့နေချိန် ကယားဘက်က PDF တွေကို သိန်းရာချီ ငွေကြေးလိမ်လည် တိမ်းရှောင်နေတဲ့ ဝင်းကျော်ဆိုသူ ထောက်ပို့က မူးယစ်ဆေးသုံး မူးရူးနေချိန် သူမတို့ရေးနေတဲ့ သတင်းတွေက သူ အရက်ဖိုးဆေးဖိုးဖာချဖို့လိုချိန်မှ ရေးတာ စသလို စော်ကားပြောဆိုပြီး ငြိမ်းချမ်းစုကြည်ရဲ့ လိင်တူချစ်သူအမျိုးသမီးသော်သော်ကို ဆံပင်ဆွဲ မျက်နှာလက်သီးနဲ့ထိုးပြီး တရွတ်တိုက်ဆွဲခေါ်သွားတာကို ဆိုင်ထဲရှိနေပြီး အင်တာနက်ဆိုင်ဖွင့် စီးပွားရှာနေတဲ့ စစ်ကိုင်းတိုင်းအရာတော်က PDF တပ်ရင်းမှူးနဲ့ PDF တွေက ရပ် ကြည့်နေတဲ့အပြင် သူမတို့နှစ်ဦးကို မောင်းထုတ်လိုက်တယ်လို့ ရေးသားခဲ့တာပါ။
ဒီလိုဖြစ်စဥ်ကို မြေလတ်အသံသတင်းဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ရာမှာ မူးယစ်ဆေးသုံးစွဲရမ်းကားသူ ဝင်းကျော်က ဖြစ်စဥ်ဖြစ်ပွားရာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားရေးလုပ်နေသလို ရပ်ကြည့်နေတဲ့ PDF တွေနဲ့ ရင်းနှီးတာကြောင့် သူတို့သတင်းထောက်လိင်တူချစ်သူစုံတွဲအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ ဝင်းကျော်ကို မြို့နယ်ပလဖရုံးက အမှူနှစ်ခုနဲ့ဖွင့်ထားပြီး ထောက်ပို့ဝင်းကျော် ငွေလိမ်ခဲ့တာတွေ ကူညီပေးဖို့လည်း မြေလတ်အသံသတင်းထောက် လိင်တူချစ်သူ ငြိမ်းချမ်းစုကြည်က Facebook ပေါ် အကူအညီ တောင်းခံထားပါတယ်။