၁၅. ၂. ၂၀၂၄
Wtitten by MMAK
◾ ဘရိုက်တန် Vs ခရစ္စတယ်ပဲလေ့စ်
ဘရိုက်တန်အသင်းက အသင်းကြီးတွေကိုတောင် အခက်တွေ့အောင် ကစားနိုင်ပေမဲ့ အသင်းငယ်လေးတွေကိုတော့ သရေပွဲတွေချည်း ကစားနေတာကို တွေ့ရပါတယ်။ တန်းဆင်းဇုန်အောက်နားက လက်စတာ ၊ ဆောက်သမ်တန်၊ ဝုဗ် နဲ့ အစ်ဆွချ်တို့ကို သရေတွေချည်း ကစားထားတာကို တွေ့ရပါတယ်။ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက အရင်နှစ်ကလို တဖြေးဖြေးပိုကောင်းလာတာ တွေ့ရပြီး နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာ ရှုံးခဲ့သလို စပါးကိုအနိုင်ရထားပြီး နယူးကာဆယ်၊ မန်စီးတီးနဲ့ ဗီလာအသင်းတို့ကို သရေကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရိုက်တန်အသင်းက ဘော်ဒီကြေးတစ်လုံး ကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ဘရိုက်တန်အသင်းရဲ့ ခံစစ်က တော်တော်လေး ပေးဂိုးများလာတာကို တွေ့ရသလို ဒီပွဲမှာလည်း ပဲလေ့စ်အသင်း ဂိုးရနိုင်တယ်လို့ ထင်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားဆိုတာ ကြေးအောင်ဖို့ခက်ခဲတဲ့ ဘော်ဒီကြေး ဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ အဝေးကွင်းပဲလေ့စ်အသင်း ဂိုးရနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ပဲလေ့စ်အသင်းဂိုးရနိုင်သလို ရလဒ်တွေဆိုးနေတဲ့ အိမ်ရှင်ဘရိုက်တန်အသင်းလည်း တစ်ဂိုးလောက် ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက် မြင်ရဖို့ရှိနေပြီး အဆုံးသတ်ကောင်းတဲ့အသင်းက နိုင်ပွဲရသွားဖြစ်ဖြစ် တစ်ဖက်နှစ်ဂိုးစီလောက်နဲ့ သရေကျသွားမျိုး ဖြစ်နိုင်ချေများပါတယ် ။ ဒီပွဲမှာ ဂိုးပေါ်ကို ပိုကြိုက်သလို ပဲလေ့စ်အသင်း ဂိုးရမယ်လို့ ယူဆထားလို့ ပဲလေ့စ်ဘော်ဒီကိုပါ ရံကစားသင့်ပါတယ်။
◾ မန်စီးတီး Vs မန်ယူ
နှစ်သင်းလုံးက ခြေစွမ်းအကျဘက်ကို ရောက်နေတယ်ဆိုပေမဲ့ မန်ချက်စတာဒါဘီပွဲ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ကွင်းလယ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ရလဒ်တွေမကောင်းတာ ဖြစ်ပေမဲ့ မန်စီးတီးအသင်းရဲ့ ကစားကွက်က အရင်လိုကောင်းဆဲပါဘဲ။ မန်ယူအသင်းကတော့ နည်းပြအသစ်နဲ့ ရုန်းကန်နေရဆဲဖြစ်ပြီး ခြေစွမ်းကိုက မကောင်းသေးတာပါ။ မန်စီးတီးတိုက်စစ်မှာ ဟာလန်း၊ ဒီဘရိုင်းနဲ့ ဘာနာဒိုဆေးဗားလ်တို့ရဲ့ အတွဲက ဂိုးသွင်းနိုင်စွမ်းအပြည့် ရှိပါတယ်။ ဖောရက်အသင်းကို သုံးဂိုးပေးထားရသလို ပယ်ဇန်လိုအသင်းကိုတောင် သွင်းဂိုးခွင့်ပြုထားရတဲ့ မန်ယူအသင်းရဲ့ ခံစစ်က ဒီပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းကို နှစ်ဂိုးလောက်က သေချာပေါက် ပေးရနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေးတစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲ ဖြစ်တဲ့အတွက် နှစ်သင်းလုံးအားထည့်ကစားကြမှာဖြစ်ပြီး အိမ်ရှင်မန်စီးတီးအသင်းက အနိုင်ရနိုင်ြေ ပိုများတယ်လို့ ထင်ပါတယ် ။ အမ်မိုရင်ရဲ့ စပို့တင်းအသင်းကို ဂိုးပြတ်ရှုံးခဲ့တဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်း လက်စားချေနိုင်ပွဲ ပြန်ရသွားမဲ့ ပွဲစဥ်ဖြစ်ပါတယ်။ တစ်လုံးနှစ်ဆယ်စားပေးထားတဲ့ အိမ်ရှင်မန်စီးတီးအသင်းကပဲ အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ယူဆထားလို့ မန်စီးတီးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ချဲလ်ဆီး Vs ဘရန့်ဖို့
ဘရန့်ဖို့အသင်းက အိမ်ကွင်းပွဲမှာဆိုရင် အဆိပ်ပြင်းတဲ့ ပျားတစ်ကောင်ဖြစ်ပေမဲ့ အဝေးကွင်းပွဲဆိုရင် အဆိပ်မရှိတဲ့ရေမြွေတစ်ကောင်လို ဖြစ်နေပါတယ်။ အဝေးကွင်းခုနစ်ပွဲကစားထားရာမှာ နိုင်ပွဲလုံးဝမရထားဘဲ တစ်ပွဲသရေကျကာ ခြောက်ပွဲထိရှုံးထားပြီး တိုက်စစ်က ငါးဂိုးသာသွင်းထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ စနေညမှာ ကစားခဲ့တာ ဇယားထိပ်ဆုံးက လီဗာပူးနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းတို့ သရေကျခဲ့တာကြောင့် အခုအိမ်ကွင်းပွဲကို သုံးမှတ်အပြည့်ရဖို့ အားထည့်ကစားလာမှာပါ။ အိမ်ရှင်ချဲလ်ဆီးအသင်းက ဘော်ဒီကြေးတစ်လုံးရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးလေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ဒီပွဲနိုင်လိုက်ရင် ထိပ်ဆုံးက လီဗာပူးအသင်းကို တစ်ပွဲလျော့ နှစ်မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာ ဖြစ်တဲ့အတွက် အိမ်ကွင်းပွဲမှာ အနိုင်သုံးမှတ်ရဖို့ ပြင်ဆင်လာမှာပါ။ တစ်ဂိုးအသာနဲ့ ကပ်နိုင်လို့ရတဲ့ပေါက်ကြေး ဖြစ်ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်က အချိန်မရွေး ဂိုးရနိုင်တဲ့ တိုက်စစ်ဖြစ်တာကြောင့် နှစ်ဂိုးပြတ်ဖို့ မခက်ပါဘူး။ ဒီပွဲမှာတော့ ချဲလ်ဆီးဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
◾ဆောက်သမ်ပ်တန် Vs စပါး
ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းက တန်းဆင်းဖို့ရာခိုင်နှုန်းများနေတဲ့အသင်း ဖြစ်ပြီး တိုက်စစ်က ဂိုးမသွင်းနိုင်ဘဲ ခံစစ်ကပေးဂိုးများနေတာကို တွေ့ရပါတယ်။ စပါးအသင်းကလည်း နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားပြီး ခြေစွမ်းအကျဘက်ကိုရောက်နေပေမဲ့ ဆောက်သမ်ပ်တန်လိုအသင်းကိုတော့ အနိုင်ရအောင်ကစားနိုင်ပါသေးတယ်။ ဒီပွဲမှာ စပါးအသင်းက ဘော်ဒီကြေးတစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စား ဖြစ်ပါတယ်။ စပါးအသင်းပေးထားတဲ့ ဘော်ဒီကြေး တစ်လုံးလေးဆယ်စားဆိုတဲ့ ပေါက်ကြေး ကြေးပျော့နေတယ်လို့ ပြောလို့ရပြီး အနည်းဆုံး တစ်လုံးသရေလောက်တော့ ပေးသင့်ပါတယ်။ ဘော်ဒီကြေးအနည်းငယ်ပျော့နေပေမဲ့ ဂိုးပေါင်းကြေးကတော့ အရမ်းပြင်းနေတာကို တွေ့ရပြန်တဲ့အတွက် ဒီပွဲက ကြေးလိမ်ထားတဲ့ ပွဲတစ်ပွဲလို ထင်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းက အိမ်ကွင်းခုနစ်ပွဲမှာ ခုနစ်ဂိုးသာ သွင်းထားနိုင်ပြီး စပါးအသင်းက အဝေးကွင်း ခုနစ်ပွဲမှာ ဆယ့်တစ်ဂိုးဘဲ သွင်းထားနိုင်တာကို ဒီပွဲမှာ နှစ်သင်းပေါင်း ငါးဂိုးရောက်မှ ကြေးအပြည့်စားရမယ်ဆိုတဲ့ ပေါက်ကြေးကို ကြည့်မယ်ဆိုရင် နှစ်သင်းပေါင်း ဘယ်နှစ်ဂိုးသွင်းမှာမလို့ ဒီကြေးပေးထားလဲဆိုတာ စဥ်းစားစရာပါ။ ငါးဂိုးထိရောက်ခါမှရောက်ရော ဂိုးပေါင်းအောက်ကိုဘဲ ရွေးချယ်ရမှာပါ။ ဆောက်သမ်တန်အသင်းကလည်း တိုက်စစ်ကောင်းတာမဟုတ်တဲ့အပြင် စပါးအသင်းကလည်း ခြေစွမ်းအကျဘက်ရောက်နေချိန်မှာ အပြန်အလှန်ဂိုးတွေ အများကြီးရဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ တကယ်လို ဂိုးပေါင်းအပေါ်ဖြစ်ခဲ့မယ်ဆိုရင်တောင် စပါးအသင်းက သုံးဂိုးလောက်သွင်းနိုင်မှ ဂိုးပေါင်းအပေါ် ဖြစ်နိုင်တာကြောင့် စပါးဘော်ဒီနဲ့ ဂိုးအောက်ကို တွဲကစားသင့်ပါတယ်။ ပိုကြိုက်တာကို ဂိုးအောက်ဖြစ်တဲ့အတွက် ဂိုးပေါင်းအောက်ကို တင်ကစားသင့်ပါတယ်။
◾ပါးမား Vs ဗီရိုနာ
ဗီရိုနာအသင်းက ဆယ့်ငါးပွဲကစားပြီးချိန်မှာ သရေပွဲလုံးဝမဖြစ်ထားဘဲ လေးပွဲနိုင်ပြီး ဆယ့်တစ်ပွဲရှုံးနိမ့်ထားပါတယ်။ နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ထားသလို ခံစစ်က သုံးဆယ့်ခုနှစ်ဂိုးတောင်ပေးထားရပြီး ခံစစ်အညံ့ဆုံးအသင်း ဖြစ်ပါတယ်။ အိမ်ရှင်ပါးမားအသင်းက တိုက်စစ်အသားပေး အသင်းဖြစ်သလို ဂိုးသွင်းအားကောင်းတဲ့အသင်း ဖြစ်ပြီး ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့လို ခံစစ်ကောင်းတဲ့ အသင်းကြီတွေကိုတောင် ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်က ဂိုးရဖို့ စိတ်ချရပါတယ်။ ဒီပွဲမှာ ပါးမားအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဒီပွဲက အရှုံးအနိုင်အဖြေပေါ်အောင် ကစားလာနိုင်ပြီး အနိုင်ရဖို့ဆိုရင် အိမ်ရှင်ပါးမားအသင်းက အနိုင်ရနိုင်ခြေများပါတယ်။ တစ်ပွဲကို နှစ်ဂိုးလောက် ပေးနေရတဲ့ အဝေးကွင်းဗီရိုနာအသင်းအနေနဲ့ ပါးမားတိုက်စစ်ကို သေချာပေါက် ဂိုးပေးရနိုင်သလို ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးအရ အိမ်ရှင်ပါးမားအသင်း အနိမ့်ဆုံးနှစ်ဂိုးလောက်ထိကို မြင်ရနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ပါးမားအသင်း ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဒေါ့မွန် Vs ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းအသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားပြီး ခံစစ်ညံ့တဲ့အသင်း ဖြစ်တဲ့အတွက် အိမ်ရှင်ဒေါ့မွန်အသင်း နိုင်ပွဲပြန်ရသွားနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက အဝေးကွင်းနိုင်ပွဲ လုံးဝမရထားပေမဲ့ အိမ်ကွင်းအကောင်းဆုံး အသင်းဖြစ်ပြီး ခြောက်ပွဲနိုင်ကာ တစ်ပွဲသရေကျထားပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက အဝေးကွင်းနိုင်ပွဲ လုံးဝမရထားဘဲ တိုက်စစ်က ငါးဂိုးသာ သွင်းထားနိုင်ပါတယ်။ အိမ်ကွင်းအကောင်းဆုံးအသင်းနဲ့ အဝေးကွင်းအရမ်းညံ့တဲ့အသင်း ထိပ်တိုက်တွေ့နေတာလို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ဒေါ့မွန်အသင်းက ဘော်ဒီကြေး တစ်လုံးခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးဖြစ်ပါတယ်။ ဒေါ့မွန်အသင်း အနိုင်သေချာနေသလို နှစ်ဂိုးပြတ်ဖို့မခက်ပါဘူး။ ဟော့ဖန်ဟိမ်းအသင်းလို အဝေးကွင်းခြေစွမ်း အညံ့ဆုံးအသင်းကို အိမ်ကွင်းအကောင်းဆုံး ဖြစ်တဲ့ ဒေါ့မွန်အသင်း နှစ်ဂိုးပြတ်အနိုင်ရမယ်လို့ ယူဆထားပြီး ပေါက်ကြေးကလည်း ဒေါ့မွန်အသင်း ဂိုးပြတ်အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်တဲ့အတွက် ဒေါ့မွန်အသင်း ဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်။