October 19, 2024

ယူကရိန်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ရန် ဒုံးကျည်များကို ပြင်ဆင်နေကြစဉ်

၉. ၁. ၂၀၂၃
translated by Htwe Ko Tun

ရုရှားအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းတပ်ဖွဲ့များ ယာယီစခန်းချနေသည့် ယူကရိန်းအရှေ့ပိုင်းရှိ အိမ်ရာတစ်ခုအတွင်းမှ အဆောက်အအုံနှစ်ခုကို အင်အားပြင်းထန်သောဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့၍ ယူကရိန်းစစ်သား ၆၀၀ ကျော် ကျဆုံးခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။

ကြေညာချက်နှင့်ပတ်သက်၍ ယူကရိန်းဘက်မှတစ်စုံတစ်ရာ တုံပြန်ပြောကြားမှုမရှိသေးပေ။ သို့သော် ထိုသို့တိုက်ခိုက်ခံရသော ယူကရိန်းအရှေ့ပိုင်းရှိ ကရာမာတော့စ်ခ်မြို၏ မြိုတော်ဝန်ကမူ မြို၏အဆောက်အအုံများကို တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ သိုသော် ထိခိုက်သေဆုံးသူမရှိကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက ရေးသားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ကရာမာတော့စ်ခ်မြို့၏ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်းက ဇန်နဝါရီ ၁ ရက်၌ ဒွန်တက်ခ်ပြည်နယ်၊ မာကီရက်ဗိကာမြို့တွင် ရုရှားစစ်တန်းလျားများကို ယူကရိန်းဘက်မှ ပစ်ခတ်သောဒုံးကျည်များကြောင့် အနည်းဆုံးရုရှားတပ်ဖွဲ့ဝင် ၈၉ ဦးအထိ ကျဆုံးခဲ့ရခြင်းအတွက် လက်စားချေခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

ရုရှား၏ကြေညာချက်တွင် ပစ်ခတ်မှုအတွက် ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးသတင်းများကို အသုံးချခဲ့ကြောင်း၊ ကရာမာတော့စ်ခ်မြို့ရှိ တိုက်ခိုက်မှုပြုခဲ့သော အဆောင်တစ်ခုတွင် ယူကရိန်းစစ်သား ၇၀၀ ကျော်နေထိုင်၍ နောက်အဆောင်တစ်ခုတွင် ၆၀၀ ကျော်နေထိုင်ကြောင်း ပြောခဲ့သည်။
Ref—–NDTV

Leave a Reply

Your email address will not be published. Required fields are marked *