၁၄ .၁၂ .၂၀၂၄
Wtitten by MMAK
◾လီဗာပူး Vs ဖူဟမ်
လီဗာပူးအသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိိတယ်ဆိုပေမဲ့ ဖူဟမ်အသင်းကလည်း လျှော့တွက်မရပါဘူး။ ဒီရာသီမှာ အသင်းကြီးတွေကို နှစ်ဂိုးပြတ်မရှုံးခဲ့သလို လီဗာပူးအသင်းနဲ့ တွေ့ဆုံမှု နောက်ဆုံးကိုးပွဲမှာဆိုရင် တစ်ပွဲသာ နှစ်ဂိုးပြတ်ရှုံးထားပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အထောင်တိုက်စစ်မှာ ဂျိုတာနဲ့ နူနက်တို့ မပါနိုင်သလို ကွင်းလယ်တိုက်စစ်ကစားသမား အယ်လစ်စတာကလည်း အနိီကတ်ပြစ်ဒဏ်ကြောင့် မပါနိုင်ပါဘူး။ တကယ်လို့ ဖူဟမ်အသင်းကသာ တစ်ဂိုးလောက်ရသွားရင် လီဗာပူးအသင်းက လေးဂိုးသွင်းမှ ကြေးအပြည့်အောင်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်လို့ရတဲ့ အခြေအနေကြောင့် အောက်အသင်းဖြစ်တဲ့ ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾အာဆင်နယ် Vs အဲဗာတန်
အဲဗာတန်အသင်းရဲ့ အဝေးကွင်းခြေစွမ်းအားရစရာ မရှိသလို ခုနစ်ပွဲမှာ ငါးဂိုးသာသွင်းထားနိုင်တဲ့ တိုက်စစ်က အာဆင်နယ်အသင်းရဲ့ ခံစစ်ကို တစ်ဂိုးရဖို့တောင် မလွယ်ပါဘူး။ ခြေစွမ်းတည်ငြိမ်တဲ့ အိမ်ရှင်အာဆင်နယ်အသင်း အနိုင်သေချာတယ်လို့ ပြောလို့ရပြီး ကြေးအောင်မအောင်သာ စဥ်းစားရမှာပါ။ အိမ်ရှင်အာဆင်နယ်အသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးက နှစ်လုံးစား ပေါက်နေပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးစားဆိုတဲ့ ပေါက်ကြေးက အဲဗာတန်အသင်း ဂိုးရဖို့ မဖြစ်နိုင်ဘဲ အာဆင်နယ်တစ်သင်းတည်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အာဆင်နယ်ဘော်ဒီကို ရွေးမယ်ဆိုရင် ဂိုးပေါ်ကိုပါ လိုက်ရွေးရတော့မှာ ဖြစ်တဲ့အတွက် အာဆင်နယ်တစ်သင်းတည်းက လေးဂိုးပြတ်သွင်းမယ်လို့ မထင်ပါဘူး။ ခံစစ်ပိတ်ကစားလာမဲ့ အဲဗာတန်အသင်းကြောင့် အာဆင်နယ်အသင်း ဂိုးရနောက်ကျနိုင်သလို တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားလို့ရပြီး ဂိုးပေါင်းကြေး ထိန်းသွားနိုင်တဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ နယူးကာဆယ် Vs လက်စတာ
နစ္စတယ်ရွိုင်းကိုင်တွယ်ပြီးနောက်ပိုင်းမှာ ရလဒ်တွေကောင်းလာတဲ့ လက်စတာအသင်းကို နယူးကာဆယ်အသင်းပေးထားတဲ့ ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးခုနစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက တော်တော်လေးပြင်းပါတယ်။ လက်စတာကွင်းလယ်မှာ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဆိုမာရေးနဲ့ အန်ဒီဒီတို့ မပါနိုင်တာကြောင့် လက်စတာကွင်းလယ်က နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကို လုံးဝယှဥ်ကစားနိုင်မှာ မဟုတ်သလို လေးပွဲဆက် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်အသင်း အနိုင်သေချာပါတယ်။ ဒီပေါက်ကြေးက နယူးကာဆယ်ဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခု ဖြစ်နိုင်သလို နှစ်ခုလုံးတောင် စုံအောင်သွားနိုင်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ တရစပ်တိုက်စစ်ကို လက်စတာအသင်း လုံးဝတောင့်ခံနိုင်မှာ မဟုတ်ဘဲ အနိမ့်ဆုံး သုံးဂိုးလောက်ထိ ပေးရနိုင်တာကြောင့် ဒီပွဲမှာ အိမ်ရှင်နယူးကာဆယ် ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကိုလည်း အနည်းငယ် ကာကစားသင့်ပါတယ်။
◾ဝုဗ် Vs အစ်ဆွချ်
ကိုးမှတ်စီရထားတဲ့ တန်းဆင်ဇုန်ထဲက အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပြီး အရှုံးအနိုင်ပြတ်သားနိုင်တဲ့ ပွဲစဥ် ဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်က ပေးဂိုးများတာ တွေ့ရပေမဲ့ အိမ်ရှင်ဝုဗ်အသင်းရဲ့ တိုက်စစ်က ဂိုးပိုရထားတာကိုလည်း တွေ့ရပါတယ်။ ဒီပွဲမှာ ဝုဗ်အသင်းက ဘော်ဒီကြေးပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အားသန်တဲ့အတွက် ခံစစ်က ပေးဂိုးများနေတာကို တွေ့ရမှာ ဖြစ်ပြီး ဒီပွဲမှာလည်း နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ် ။ အစ်ဆွချ်အသင်းဆိုရင် ဒီပွဲပြီးရင် နယူးကာဆယ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်တာကြောင့် တန်းဆင်းဇုန်ပြိုင်ဘက် ဝုဗ်အသင်းကို အမှတ်ရဖို့ အားထည့်ကစားလာနိုင်သလို သုံးပွဲဆက်ရှုံးထားတဲ့ အိမ်ရှင်ဝုဗ်အသင်းကလည်း နိုင်ပွဲရဖို့ ကြိုးစားလာမှာပါ။ ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs အက်စတွန်ဗီလာ
အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေပြီး ခြေစွမ်းကောင်းနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ ဖောရက်အသင်းက နောက်ဆုံးပွဲမှာ မန်ယူလို အသင်းကိုတောင် အဝေးကွင်းကနေ လှန်နိုင်ထားပေမဲ့ အခုအိမ်ကွင်းပွဲမှာ အထက်ကြေးမပေးရဲဘဲ ဗီလာအသင်းကတောင် ပြားတစ်ဆယ်အရှုံး ပြန်ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဗီလာရဲ့ အထက်မှာ ရပ်တည်နေတဲ့ ဖောရက်အသင်းအနေနဲ့ အိမ်ကွင်းပွဲ ဖြစ်တာကြောင့် အနည်းဆုံး ပြားနှစ်ဆယ်လောက်တော့ ပေးသင့်တာ ဖြစ်ပေမဲ့ ဗီလာကကြေးပြန်ပေါက်နေတာဟာ ဖောရက်အသင်းနိုင်ဖို့မလွယ်ဘူးလို့ ပြောရမှာပါ။ ဗီလာအသင်းဆို ကြားရက်မှာ ချန်ပီယံလိဂ်ကစားခဲ့ရသေးကြောင့် ပွဲပန်းမှုတွေ ရှိနေသလို အိမ်ရှင် ဖောရက်အသင်းအနေနဲ့ ကြေးကြောပေးသင့်တဲ့ပွဲပါ။ ဗီလာကတောင် ပြန်ပေါက်နေတယ်ဆိုတော့ ဒီပွဲမှာ ဖောရက်အသင်း အနိုင်ရသွားမယ်လို့ မထင်ဘဲ သရေနဲ့အရှုံးကိုဘဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ဗီလာအသင်း မရှုံးနိုင်ဘဲ သရေနဲ့ အနိုင်ကိုဘဲ ကြည့်ရမှာ ဖြစ်ပြီး သရေကျရင်တောင် ပြားတစ်ဆယ်ပဲ ရှုံးမှာ ဖြစ်တဲ့အတွက် ပြားတစ်ဆယ်ရင်းပြီး အဝေးကွင်းဗီလာကို ရွေးချယ်ရမှာပါ။
◾ကက်ကလီယာရီ Vs အတ္တလန်တာ
အတ္တလန်တာအသင်းက ဒီရာသီမှာ မွေးစားထားရမဲ့အသင်းလို ဖြစ်နေပြီး ပွဲတိုင်းအတ္တလန်တာကို လိုက်လောင်းရမလို ဖြစ်နေပါပြီ။ စီးရီးအေမှာ တခြားအသင်းတွေထက် ခြေစွမ်းပိုကောင်းနေသလို ရိုးမားနဲ့ နာပိုလီအသင်းတို့ကို အဝေးကွင်းကနေ ဂိုးပြတ်အနိုင်ရခဲ့ပြီး တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးလောက်သွင်းထားပါတယ်။ အိမ်ရှင် ကက်ကလီယာရီအသင်းရဲ့ ခြေစွမ်းကလည်း အရမ်းညံ့မနေဘဲ နာပိုလီ၊ အေစီနဲ့ ဂျူဗင်တပ်အသင်းတို့ကို သရေကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းအတ္တလန်တာအသင်းက ဘော်ဒီကြေးတစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ တခြားအသင်းကြီးတွေဖြစ်တဲ့ ဂျူဗင်တပ်၊ နာပိုလီနဲ့ အေစီမီလန်အသင်းတို့တောင် ဒီကြေးမပေးရဲပါဘူး။ ခြေစွမ်းမညံ့တဲ့ အိမ်ရှင်ကက်ကလီယာရီအသင်းကို ဒီကြေးပေးထားတာဟာ အတ္တလန်တာအသင်း နိုင်ဦးမှာပဲလို့ ပြောနေသလိုပါဘဲ။ ခြေစွမ်းကောင်းနေတဲ့ အတ္တလန်တာအသင်းရဲ့ နောက်ကို ထပ်လိုက်ရမှာ ဖြစ်ပြီး ဒီပွဲက အတ္တလန်တာအသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားဦးမှာပါ။ အမှတ်ပေးဖလားကို ဦးတည်ကစားနေတဲ့ အတ္တလန်တာအသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားဦးမှာ ဖြစ်လို့ အတ္တလန်တာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾အော့စ်ဘတ် Vs လေဗာကူဆင်
လေဗာကူဆင်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက သာမာန်အနေအထားလောက်ပဲ ရှိတယ်လို့ ပြောလို့ရပြီး နောက်ဆုံးသုံးပွဲလုံး နှစ်ဂိုးပြတ်နိုင်ထားတာ မတွေ့ရပါဘူး။ အော့စ်ဘတ်အသင်းက အဝေးကွင်းမကောင်းပေမဲ့ အိမ်ကွင်းကောင်းတဲ့အသင်း ဖြစ်ပြီး ခုနှစ်ပွဲမှာ တစ်ပွဲသာ ရှုံးထားပါတယ်။ ဒီပွဲမှာ လေဗာကူဆင်အသင်းက ဘော်ဒီကြေးတစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းမှာ တိုက်စစ်မှူးနှစ်ယောက်လုံး မပါနိုင်သေးသလို အဝေးကွင်းကနေ ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။ အော့စ်ဘတ်အသင်းက အိမ်ကွင်းပိုကောင်းတာကြောင့် လေဗာကူဆင်အသင်း အနိုင်ရဖို့မလွယ်သလို တစ်လုံးသုံးဆယ်စားဆိုတဲ့ ဘော်ဒီကြေးကလည်း အထက်ကြေးမအောင်နိုင်တဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရတဲ့ လေဗာကူဆင်အသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ သရေကျနိုင်နိုင်ချေ အရမ်းများပါတယ်။ အော့စ်ဘတ်အသင်းကတောင် အနိုင်ရသွားနိုင်တာကြောင့် ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်အော့စ်ဘတ်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။