October 19, 2024

၉. ၁. ၂၀၂၃
Written by Ye Kyaw

ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာ၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ‌‌ရွှေဈေးနှုန်းသတ်မှတ်ချက် သုံးရက်အတွင်း ကျပ် ၄၀,၀၀၀ ကျော် မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြင်ပရွှေဈေးနှုန်း ကျပ် ၂,၇၇၀,၀၀၀ အထိရှိခဲ့သည်။ ‌ငွေလဲလှယ်နှုန်းမှာမူ အနည်းငယ်မျှသာ ပြောင်းလဲမှုရှိပြီး ဇန်နဝါရီ ၉ ရက်တွင် ပြင်ပဈေးနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂,၈၅၀ ဝန်းကျင်ရှိသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် (တနင်္လာနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၁,၈၇၇ အထိမြင့်တက်ခဲ့ပြီး ယခင်အပတ် ဇန်နဝါရီ ၂ ရက် (တနင်္လာနေ့)နှင့် နှိုင်းယှဥ်ပါက ဒေါ်လာ ၅၀ ကျော်မြင့်တက်ခဲ့၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ သတ်မှတ်ရွှေဈေးနှုန်းသည် ယခင်အပတ်တွင် ကျပ် ၂,၁၆၇,၅၀၀ ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၂,၂၁၁,၃၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ပြင်ပဈေးကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ၂၀၂၃ ခုနှစ်၊ ခုနှစ်၊ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၇၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၆ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၇၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၇၄၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ ဇန်နဝါရီ ၄ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၇၃၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၄၅ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ‌ရွှေဈေးနှုန်း ၂,၇၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် ‌ရွှေဈေးနှုန်း ကျပ် ၂,၇၀၃,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၄၅ ကျပ် ရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းရွှေစျေးပါ မြင့်တက်နေသော်လည်း SAC အစိုးရကမူ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ် အခေါက်ရွှေ ရွှေဒင်္ဂါးပြားတစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းနှုန်းဖြင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ရောင်းချပေးနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *