၁၄. ၁၂. ၂၀၂၄
Written by Nay Moe
မူးယစ်ဆေးသုံးစွဲသူ KNU လက်နက်ကိုင်က ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့ စျေးပွဲတော်အတွင်း ဗုံးခွဲ၍ လူ ၄ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရမှုအပေါ် ဝမ်းနည်းရပါကြောင်း KNU က ယခုညနေတွင် စာထုတ်ပြန်လာသည်။
“ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန် (Umphang) မြို့၌ နှစ်စဉ်ပြုလုပ်နေကြ Dol Lol Fa ပွဲတော် (ကြက်ခြေနီစျေးရောင်းပွဲတော်) ၌ ဒီဇင်ဘာလ (၁၃) ရက် ညအချိန်တွင် ဗုံးပစ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ကြားသိရ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အဆိုပါသေဆုံးထိခိုက်ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြလိုပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် ဤကဲ့သို့ အကြမ်းဖက်သည့်လုပ်ရပ်များကို လက်မခံသလို ပြုလုပ်သူများအား ကန့်ကွက်ရှုတ်ချပါသည်။ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်များတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အနေ ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောထားကို ဖော်ပြအပ်ပါသည်” ဟု ပြစ်မှုကျုးလွန်သူ မူးယစ်ဆေးပြစ်ချက်ရှိသော KNU လက်နက်ကိုင်ဗုံးခွဲမှုအပေါ် KNU က စာထုတ်ပြန်သည်။
KNU နှင့် PDF လက်နက်ကိုင်များ၊ မြန်မာဒုက္ခသည်အများအပြားနေထိုင်ရာ အုန်းဖန်မြို့စျေးပွဲတော် ဗုံးခွဲမှုကျုးလွန်သူ နှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ မူးယစ်ဆေးပြစ်ချက်ရှိသူ KNU လက်နက်ကိုင်ဖြစ်ကြောင်း၊ လက်လုပ်ဗုံးကို KNU လက်နက်ကိုင်က အကစင်မြင့်ရှေ့ပစ်ချဖောက်ခွဲလိုက်ခြင်းကြောင့် လူ ၄ ဦးသေဆုံးကာ ၄၈ ဦးဒဏ်ရာရခဲ့ကြောင်း MT News က ယခုလင့်ခ်တွင် https://t.me/MT_News_Media/50550?single ဖော်ပြထားပြီးဖြစ်သည်။