၁၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
TikTok က သူ့အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှု ပြုမယ့်ဆုံးဖြတ်ချက်ကို ခေတ္တဆိုင်းငံ့ထားပြီး အချိန်ပိုပေးဖို့ အမေရိကန် အယူခံတရားရုံးသို့ အဆိုပြုတင်သွင်းခဲ့တာကို အမေရိကန်တရားရုံးက ဒီဇင်ဘာလ ၁၃ ရက်မှာ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
TikTok နဲ့ သူ့ရဲ့ မိခင်တရုတ်ကုမ္ပဏီ ByteDance တို့က ကိုလံဘီယာပြည်နယ်ရဲ့ အယူခံတရားရုံးကို ဒီဇင်ဘာလ ၉ ရက်ကအဆိုပြုခဲ့ပြီး သူတို့ရဲ့အမှုကိုအချိန်ပိုပေးဖို့ အမေရိကန်တရားရုံးချုပ်ကို တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း မိခင်တရုတ်ကုမ္ပဏီ ByteDance အနေနဲ့ သူ့ရဲ့ဗီဒီယိုအတိုများတင်ရာ အက်ပလီကေးရှင်းဖြစ်တဲ့ TikTok ကို ဇန်နဝါရီလ ၁၉ ရက်နောက်ဆုံးထားပြီး ဖျက်သိမ်းဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
TikTok စကားပြောပလက်ဖောင်းအနေနဲ့ အမေရိကန်ပြည်တွင်းမှာ လစဉ်အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိတဲ့အထိ လူကြိုက်များရေပန်းစားလာတဲ့နောက်မှာတော့ တရားရုံးတွေရဲ့ဆောင်ရွက်မှုတစ်စုံတစ်ရာမပါဘဲဥပဒေအရ TikTok ကို ပိတ်ပစ်လိမ့်မယ်ဆိုတာ သတိပေးခဲ့ကြပါသေးတယ်။
အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ အမေရိကန်အစိုးရတွေအနေနဲ့ ပြည်ပပိုင်အက်ပလီကေးရှင်းတွေက အမေရိကန်နိုင်ငံရဲ့ အချက်အလက်တွေကို စုဆောင်းရယူနေတယ်လို့ ယုံကြည်ရရင် ဒီအက်ပလီကေးရှင်းကို ပိတ်ပစ်နိုင်ပါတယ်။
အမေရိကန်တရားရေးဌာနကလည်း အမေရိကန်ပြည်တွင်းမှာ TikTok အက်ပလီကေးရှင်း တိုးတက်ချုပ်ကိုင်လာတာက အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ ပြောခဲ့ပါတယ်။
TikTok ကတော့ တရားရေးဌာနအနေနဲ့ မှားယွင်းစွာယူဆခြင်းလို့ ပြောကြားခဲ့ပါတယ်။
သမ္မတသစ်ဖြစ်လာမယ့် ထရန့်ကလည်း သူ့ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ၂၀၂၀ ပြည့် နှစ်တုန်းကလည်း TikTok ကို ပိတ်ဆို့ဖို့ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနီးလာလို့ သူ့ရဲ့ကြိုးပမ်းချက်ကို လက်လျှော့ခဲ့တာလို့ ပြောခဲ့ပါတယ်။
Ref- CNA