October 19, 2024

သတ်ဖြတ်ကာအလောင်းစွန့်ပစ်ခံရသူအား တွေ့ရစဥ် (ဓာတ်ပုံ- မဟာလူမှုကယ်ဆယ်ရေးအဖွဲ့)

MT News
၉. ၁. ၂၀၂၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ (၃၈လမ်း/၈၇×၈၉)ကြား စည်ပင် အမှိုက်ကန်အနောက်ဖက်၊ Honda Fit ခဲရောင် 5D/8886(MDY) ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော အမည်မသိ လူသေအလောင်းတွေ့ရှိခဲ့ပြီး အဆိုပါရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးကာ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၈ ရက် ည ၇ နာရီခန့်တွင် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဆက်သွယ်လာပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ (၃၈လမ်း/၈၇×၈၉)ကြား စည်ပင် အမှိုက်ကန်အနောက်ဖက်၊ Honda Fit ခဲရောင် 5D/8886(MDY) ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော အမျိုးသားအလောင်းတွေ့ရှိသည်ဟု ဆက်သွယ်လာခဲ့သည်။ အဆိုပါ အမည်မသိ လူသေအလောင်းမှာ ကားအနောက်ခန်းတွင် လိုက်ကာအုပ်ထားပြီး ကားတံခါးကို လော့ခ်ချထားကာ လည်ပင်းတွင် ကြိုးဖြင့်ညှစ်သတ်ထားသည့် ဒဏ်ရာနှင့် မျက်နှာတွင် ထိုးကြိတ်ခံထားရသည် အခြားဒဏ်ရာအချို့ဖြင့် သေဆုံးနေပြီး ကားအတွင်း ကျောက်စိမ်းအချို့တွေ့ရကာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ဝဖိုင့်ကာ အသက် ၃၅ နှစ်ခန့်ဟု ခန့်မှန်းရကြောင်း သိရကာ လက်ရှိအချိန်အထိ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

“ကားနံပါတ်နဲ့ ကြေညာထားတာတောင် အခုထိမိသားစုနဲ့ အဆက်အသွယ်မရသေးဘူးဖြစ်နေတယ်။ ပုံစံကလည်း တရုတ်လူမျိုးပုံစံ။ ဘယ်နိုင်ငံသားလဲဆိုတာတော့ မသိဘူးပေါ့။ ကားထဲမှာလည်း ကျောက်စိမ်းတွေနဲ့ ကျောက်ဝိုင်းကမြင်ဖူးသူတွေကလည်း အဲဒီလူက မြန်မာလိုမပြောတတ်ဘူးပြောကြတယ်ဆိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။ အခုတော့ ကားနံပါတ်ကနေလိုက်စုံစမ်းနေကြတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *