၁၄. ၁၂. ၂၀၂၄
Written by Nay Moe
PDF များ မရှိသဖြင့် နယ်မြေဒေသအေးချမ်းပြီး တိုက်ပွဲများမဖြစ်၍ ဘေးကင်းလုံခြုံနေသော ဧရာဝတီတိုင်းကို စတင်ထိုးဖောက်လှုပ်ရှားမည်ဟု NUG က ထုတ်ပြန်လာသည်။
ဘေးကင်းအေးချမ်းမှုကို မနှစ်လိုသော NUG က တည်ငြိမ်စွာတိုးတက်နေသော ဧရာဝတီကို ထိုးဖောက်လှုပ်ရှားရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူ၍ တိုင်းစစ်ဌာန(ဧရာဝတီ)ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်ဟုလည်း ထိုးဖောက်မည့်အစီအစဥ်ကို ဒီဇင်ဘာ ၁၃ ရက်တွင် အသိပေးသည်။
နိုင်ငံ၏ ထက်ဝက်ခန့်တွင် NUG ၏ ပသုံးလုံးများက ဆက်ကြေး၊ ဂိတ်ကြေးကောက်ခံမှုပြုလုပ်ပြီး မပေးပါက ဒလန်၊ သူလျှိုဟု စွပ်စွဲမှုများပြုလုပ်ကာ သတ်ဖြတ်လုယက်မှုများဠ ဖမ်းမိသူလည်လှီးသတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများ၊ ပြည်သူကို သေဒဏ်ပေးမှုများ၊ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုး၍ ပသုံးလုံးကို ဝေဖန်လျင်ပင် သေဒဏ်စီရင်မည်ဟု ထုတ်ပြန်မှုများဖြင့် ခြိမ်းခြောက်ကျူးလွန်နေသည့် ပသုံးလုံးများဖြင့် လည်ပတ်နေသည့် NUG က ဧရာဝတီတိုင်းစစ်ဌာနကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော သစ္စာဓိဌာန်(၄)ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံမှုနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ပြည်သူကို အာဏာရှင်ထက်ပိုလွန်၍ သက်ဦးဆံပိုင်စစ်ဘုရင်ဝါဒများ၊ အမိန့်များနှင့် ထိန်းချုပ်သည့် NUG နှင့် PDF များက တိုင်းစစ်ဌာန(ဧရာဝတီ)၏ အန္တိမရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲများ ရယူနိုင်ရန် မဟာမိတ် (EROs) များနှင့် လက်တွဲပူးပေါင်း၍ ကြိုးစားတည်ဆောက် တိုက်ပွဲဝင်လျက်ရှိသည်ဟုလည်း ပြောသည်။