၁၃.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားတစ်ဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
ပိုင် ဟု လူသိများသော မြန်မာနိုင်ငံမှ အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် ဖူးခက်မြို့တွင် ပြည်ပခရီးသွားများကို လှေဖြင့် ပို့ဆောင်သောအလုပ်များကိုတရားဝင်ခွင့်ပြုချက်မရဘဲ လုပ်ကိုင်နေခြင်းကြောင့်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖူးခက်မြို့ ရဲတပ်ဖွဲ့သည် ဖူးခက်မြို့ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး တရားဝင်လိုင်စင်မရှိဘဲ လုပ်ကိုင်နေသူများကို ဖြိုခွင်းနိုင်ရန် ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် ခရီးသွားများကို တရားမဝင်လှေဖြင့်လိုက်နေသော မြန်မာနိုင်ငံသားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားကို ချာလောင်ပီယာ အချုပ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဖူးခက်မြို့ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားသည် ဖူးခက်မြို့အတွင်း ခရီးသွားများကို ပို့ဆောင်ရန်အတွက် ယခင်က လိုင်စင်ရှိခဲ့သော်လည်း ၎င်း၏လိုင်စင်သည် နိုဝင်ဘာ ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း ပြောသည်။
အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသည် ဖူးခက်မြို့ရှိ Koh Lone အရပ်ဒေသမှ ချာလောင်ပီယာအရပ်ဒေသသို့ ပြည်ပခရီးသွားများသွားရောက်ရန် လှေဖြင့်ပို့ဆောင်ပေးနေခဲ့ကြောင်း၊ ၎င်းကို စစ်ဆေးချိန်အတွင်း လှေက လိုင်စင်ရှိသော်လည်း ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက် အထောက်အထားမရှိခဲ့ကြောင်း ဖူးခက်မြို့ရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားကို လှေသည် ၎င်းကိုယ်ပိုင်ပိုင်ဆိုင်သောလှေ ဟုတ် မဟုတ်နှင့် လှေဝန်ထမ်းများ အဖြစ် လုပ်ကိုင်နေခြင်း ဟုတ် မဟုတ်ဆိုသော အချက်ကို ထပ်မံစစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref, aseannow