၁၃. ၁၂. ၂၀၂၄
Written by Nay Moe
ရေလာလေးရွာကို PDF ပူးပေါင်းအဖွဲ့သိမ်းယူစဥ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသမှ ငါးမျိုးကောင်းရဲဘော် ဆုရထားသူ ဦးခေါင်းကျည်ထိသေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၆ နာရီတွင် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာတွင် အခြေစိုက်နေသည့် တပ်စခန်းနှင့်ပြည်သူ့စစ်တပ်စခန်းကို အမှတ် ၈ စစ်ကြောင်း (PDO/PDA+PRF+SRF) ၊ PLA အနောက်မြောက်စစ်ဒေသ (အထူးတပ်ဖွဲ့) ၊ SAF၊ KMRF၊ ပခုက္ကူခရိုင် Local တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ရေလာလေးရွာကို ပျူရွာဟုဆိုကာ တိုက်ခိုက်သိမ်းပိုက်ရာတွင် PLA (အထူးတပ်ဖွဲ့) မှ ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော်ကိုထက် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်အပြင် မဟာမိတ်တပ်ဖွဲ့မှ PDF တစ်ဦးလည်း သေဆုံးခဲ့သည်။
ရေလာလေးရွာသိမ်းပွဲတွင် PDF များက ၆၀ မမ စိန်ပြောင်း (၁)လက်၊ MA 2 ၁ လက်၊ MA 3 ၁ လက်၊ M2 ကာဘိုင် ၁၂ လက်၊ ရှော့ဂမ်း ၃ လက်၊ ၅ ဒသမ ၅၆ လက်လုပ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ ၂၀၀၀ ဝန်းကျင်ခန့်နှင့် စစ်အသုံးအဆောင်များ သိမ်းပိုက်ရရှိခဲ့သည်ဟုလည်း PLA က ပြောသည်။