October 19, 2024

၉ .၁. ၂၀၂၃
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက (၁၁) ကြိမ်မြောက် ဆန် ၊ဆီ ၊ ငါးသေတ္တာနဲ့ ငွေကျပ်တစ်သောင်းဆီ လှူဒါန်းထုတ်ဝေပေးခြင်းကိုတော့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက ၁၁ ကြိမ်မြောက်အလှူမှာ ဆန်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းပေးတာပါ။ အစည်းအရုံးကတော့ ဆီ ၊ ငါးသေတ္တာတို့ကို ပေးဝေတာပါ။ စိန်ရတုကပြခဲ့တဲ့အတွက် ရုပ်ရှင်အစည်းအရုံးကို ကျပ် သိန်း၁၅၀ လှူပါတယ်။ အဲဒီငွေကြေးကို လာရောက်ထုတ်ယူသူတွေ လမ်းစရိတ်အဖြစ်သုံးနိုင်ဖို့ ငွေကျပ် သိန်း ၁၅၀ ကိုအညီအမျှ ခွဲဝေပြီး တစ်ဦးကို တစ်သောင်းနှုန်း ပြန်ထုတ်ပေးတာပါ”လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

လှူဒါန်းမှု အစီအစဉ်အနေနဲ့ ဒီနေ့ မနက် ၉ နာရီက စတင်ပြီး ရုပ်ရှင်လောကရဲ့ အုပ်ချုပ်/ဖြန့်ချိ အဖွဲ့၊ မွန်းလွဲ ၁ နာရီမှာ ဗီဒီယိုအဓိကသရုပ်ဆောင်နဲ့ ဒါရိုက်တာအဖွဲ့၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ နံနက်ပိုင်းမှာ ဇာတ်ညွှန်း/တည်းဖြတ်အဖွဲ့၊ မွန်းလွဲပိုင်းမှာ ပြဇာတ်နောက်ခံတေးဂီတနဲ့ ထုတ်လုပ်သူအဖွဲ့၊ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ စက်မှုအဖွဲ့၊ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တို့မှာ ဇာတ်ပို့/ဇာတ်ရံတွေကို ဆန် ၊ ဆီ ၊ ငါးသေတ္တာနဲ့ ငွေကျပ် တစ်သောင်းတို့ကို ထုတ်ဝေပေးမှာဖြစ်ပါတယ်။

စိန်ရတုလွတ်လပ်ရေးပဒေသာ ကပွဲမှာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသအစည်းအရုံးက အနုပညာရှင်တွေ ဦးဆောင်ကပြခဲ့တဲ့အတွက် နိုင်ငံတော်အစိုးရက ပညာသည် တစ်ဦးချင်း အတွက် ချီးမြှင့်ငွေ ပေးအပ်သလို ရုပ်ရှင်အစည်းအရုံးအတွက်လည်း ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ထောက်ပံ့မှု ပြန်လည်ထုတ်ယူရာမှာ လာရောက်ထုတ်ယူသူ အနုပညာလောကသားက အလွှာအသီးသီးရဲ့ ခန့်မှန်းခြေ လူဦးရေ ၁၃၀၀ နဲ့ ၁၅၀၀ကြားရှိပါတယ်။ ဒါ့အပြင် လစဉ်မှာလည်း အသက် ၇၅ နှစ်အထက် လူဦးရေ ၅၀ ကိုလည်း ထောက်ပံကြေး တစ်‌ယောက်ကို ကျပ် ၁၅၀၀၀ နှုန်းပေးဆောင်နေလျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *