၁၂.၁၂.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံပိုင် ပစ္စည်းဥစ္စာ ငွေကြေးများကိုထိန်းချုပ်ထားမှုမှ ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ဘီလျံ ၂၀ ကူညီဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်က မရိုးမသားခိုးယူမှုသက်သက်သာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဒီဇင်ဘာလ ၁၂ ရက်က ဖော်ပြခဲ့ပါတယ်။
ကြေညာချက်က အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇယ်လန်စကီးရဲ့ အကြွေးတွေမဆပ်နိုင်တော့တဲ့ ယူကရိန်းအစိုးရကို ချေးငွေထုတ်ပေးမယ့် ဒေါ်လာ ဘီလျံ ၂၀ ကို ရုရှားနိုင်ငံပိုင်တဲ့ အမေရိကန်ထိန်းချုပ်ထားတဲ့ ပစ္စည်းဥစ္စာငွေကြေးတွေကနေ ခွဲဝေသတ်မှတ်ပေးသွားဖို့ G-7 နိုင်ငံတွေက သဘောတူတယ်လို့ ကြေညာခဲ့ပြီး ဒီလိုလုပ်တာက ပြောရရင် ရုရှားပိုင်ပစ္စည်းဥစ္စာကို မရိုးမသားခိုးယူတာပဲလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကြေညာချက်မှာ “ရုရှားပိုင်ပစ္စည်းဥစ္စာတွေကို ဒီလို မရိုးမသားခိုးယူမှုက အမေရိကန်နဲ့ အပေါင်းပါတွေမှာလည်း တန်ပြန်သက်ရောက်မှုတွေဖြစ်လာမှာပါ။ မတည်မငြိမ်ယိမ်းယိုင်လာတာနဲ့အတူ သူတို့ရဲ့ အနိုင်ကျင့်အမိန့်နဲ့ ဆုံးဖြတ်မှုက ပျောက်ကွယ်လာရမှာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သက်တမ်းကုန်တော့မှာဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေဖြစ်နိုင်သမျှ အမျိုးမျိုးပြဌာန်းဖို့ကိုပဲ ကြိုးစားနေခဲ့တယ်။ အမေရိကန်ပြည်ထောင်စုစီးပွားရေးက တစ်ပိုင်းတစ်စစီ ပြိုကွဲနေတာကို သတိမမူခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ တရားစီရင်ပိုင်ခွင့်မှာ အနောက်အုပ်စုရဲ့ ပစ္စည်းဥစ္စာတွေကိုသိမ်းယူဖို့ လုံလောက်တဲ့ အခွင့်အလမ်းတွေနဲ့ အပြန်အလှန်မောင်းနှင်အားတွေရှိတယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ပြောကြားသွားခဲ့ပါတယ်။
Ref . Tass
.