MT News
၁၂. ၁၂. ၂၀၂၄
ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးဖူဆယ်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ယမန်နေ့က ဗိုလ်လုပွဲစဥ်များ ကျင်းပပြီးစီးခဲ့သည်။
အဆိုပါအမျိုးသမီးဖူဆယ်ဗိုလ်လုပွဲစဥ်တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဖူဆယ်အသင်းနှင့် ကချင်ပြည်နယ်အမျိုး သမီးဖူဆယ်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဖူဆယ်အသင်းက ၆ ဂိုး ၂ ဂိုးဖြင့် ကချင် ပြည်နယ်အမျိုးသမီးဖူဆယ်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။
ယခုကဲ့သို့ ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးဖူဆယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဆုကြေးငွေကျပ် သိန်း (၁၅၀)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးချစ်ကိုကိုမှ ဆုကြေးငွေကျပ် သိန်း (၅၀) စုစုပေါင်း သိန်း (၂၀၀) ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်ဟု Yangon Region Football Association မှ သိရသည်။
Ref & Photo YRFA