၁၁ .၁၂ .၂၀၂၄
Wtitten by MMAK
◾အသလက်တီကို Vs စလိုဗန်
ငါးပွဲကစား ငါးပွဲလုံးရှုံးထားတဲ့ စလိုဗန်အသင်းကတော့ ဘာမှမျှော်လင့်ချက်မရှိတော့ဘဲ ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ကိုးမှတ်ရထားတဲ့ အိမ်ရှင်တီကိုအသင်းကတော့ ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ခွင့်ရဖို့ အနိုင်ရအောင် ကစားလာမှာ ဖြစ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် သေချာပေါက် အနိုင်ရဦးမှာပါ။ သို့ပေမဲ့ တီကိုအသင်းရဲ့ ဘော်ဒီကြေး သုံးလုံးနှစ်ဆယ်ဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေးလေးလုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးက ကြေးအောင်သွားမှာလားဆိုတာကို စဥ်းစားသင့်ပါတယ်။ တီကိုအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ဂိုးသွင်းအရမ်းကြမ်းနေတယ် ဆိုပေမဲ့ တစ်ဂိုးပြတ်နိုင်ရင်လည်း အနိုင်သုံးမှတ်ရမှာ ဖြစ်သလို နှစ်ဂိုးပြတ်နဲ့နိုင်ရင်လည်း သုံးမှတ်ဘဲ ရမှာ ဖြစ်ပါတယ်။ အိမ်ဖြည့်အသင်းငယ်လေး စလိုဗန်အနေနဲ့ အဝေးကွင်းမှာ ဂိုးမပြတ်အောင်သာ ခံစစ်ပိတ်ကစားလာနိုင်သလို တိုက်စစ်ကလည်း တစ်ဂိုးထပ် ပိုရဖို့ မရှိပါဘူး။ ဒီပွဲမှာ တီကိုတစ်သင်းတည်းရဲ့ သွင်းဂိုးတွေကိုပဲမြင်တွေ့ရနိုင်ပြီး နှစ်သင်းပေါင်း ငါးဂိုးလောက်ထိ မရောက်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဂိုးပေါင်းအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ လိုင်လီ Vs စတန်းဂရပ်
ငါးပွဲကစားပြီး သုံးမှတ်သာရထားတဲ့ စတန်းဂရပ်အသင်းအနေနဲ့ Play – off ကစားခွင့်ရဖို့ အခွင့်အရေးရှိနေသေးတယ် ဆိုပေမဲ့ ဖြစ်နိုင်ခြေ အရမ်းနည်းသွားပါပြီ။ ဆယ်မှတ်ရထားတဲ့ လိုင်လီအသင်းက ဖိအားသိပ်မရှိပေမဲ့ နောက်ပွဲတွေမှာ လီဗာပူးအသင်းနဲ့ ဖိယင်နုအသင်းတို့လို ကစားရခက်တဲ့ အသင်းတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အနိုင်သုံးမှတ်ရအောင် ပြင်ဆင်လာမှာ သေချာပါတယ်။ ဒီပွဲမှာ လိုင်လီအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ စတန်းဂရပ်အသင်းက ငါးပွဲကစားထားရာမှာ လေးပွဲထိ ဂိုးအောက်ကစားထားပြီး တစ်ပွဲသာ ဂိုးပေါ်ထားပါတယ်။ ခံစစ်လုံအောင်ကစားပြီးမှ တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တာကြောင့် ပေးဂိုးနည်းနေတာ တွေ့ရပြီး ငါးပွဲမှာ ခြောက်ဂိုးသာ ပေးထားရပါတယ်။ ဒီပွဲမှာ အိမ်ရှင်လိုင်လီအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ အပြန်အလှန်သွင်းဂိုးတွေ အများကြီး မြင်ရမယ်လို့မထင်ပါဘူး။ ဒီအတွက်ကြောင့် ဒီပွဲကို ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ကစားသင့်ပါတယ်။
◾ အာဆင်နယ် Vs မိုနာကို
နှစ်သင်းလုံးက ဆယ်မှတ်စီ ရရှိထားပြီး ထိပ်ဆုံးရှစ်သင်းနေရာကနေ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ခွင့်ရမဲ့ အခွင့်အရေးအတွက် ကြိုးစားကြမဲ့အသင်းတွေ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက နှစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေပေါက်ပါတယ်။ မိုနာကိုအသင်းရဲ့ ကစားပုံက တိုက်စစ်အသားပေး ကစားတတ်သလို အသင်းကြီးတွေနဲ့တွေ့ရင် ခံစစ်ပိတ်ကစားပြီး ကောင်တာတိုက်စစ်နဲ့ ဂိုးရအောင် ကစားတတ်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ ပေါက်ကြေးမှာ မိုနာကိုအသင်း တစ်ဂိုးလောက်ရသွားနိုင်တယ်ဆိုတဲ့ ဂိုးပေါင်းကြေး ဖြစ်နေတာကြောင့် ဒီပွဲမှာ မိုနာကိုအသင်း ဂိုးရသွားနိုင်ပါတယ်။ အာဆင်နယ်အသင်းက ဒီဇင်ဘာမှာ ပွဲတွေဆက်တိုက်ကစားရမှာ ဖြစ်ပြီး ပွဲထွက်ကစားသမားဆယ်တစ်ယောက်ကိုလည်း အနည်းငယ်သာ အပြောင်းအလဲလုပ်ပြီး ကစားတတ်တာကြောင့် ကစားသမားတွေ ပွဲဆက်တွေများပြီး ပွဲပန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒီပွဲမှာ မိုနာကိုအသင်း တစ်ဂိုးလောက်ရသွားနိုင်တယ်လို့ ယူဆထားပြီး အာဆင်နယ်အသင်း တစ်ဂိုးအသာလောက်နဲ့ဘဲ ကပ်နိုင်သွားနိုင်လို့ ပေါက်ကြေးအရ အောက်အသင်းမိုနာကို ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဂျူဗင်တပ် Vs မန်စီးတီး
နှစ်သင်းလုံးက ရှစ်မှတ်စီ ရထားပြီး Play – off ကစားခွင့်နေရာအတွက် ရမှတ်တွေ လိုအပ်နေပါသေးတယ်။ မန်စီးတီးအသင်းဆိုရင် နောက်ပွဲမှာ အမှတ်လိုအပ်ချက်ပြင်းပျနေတဲ့ PSG အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ကလပ်ဘရုအသင်းနဲ့ အိမ်ကွင်းပွဲကိုတော့ အမှတ်ရနိုင်ခြေ များပါတယ် ။ ဂျူဗင်တပ်အသင်းက ခံစစ်ကောင်းတယ်လို့ ပြောလို့ရပြီး ငါးပွဲမှာ ငါးဂိုးပဲ ပေးထားရသလို နောက်ဆုံးကိုးပွဲဆက် မရှုံးထားပါဘူး။ ဒီပွဲမှာ အဝေးကွင်းမန်စီးတီးအသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက အကျဘက်ကိုရောက်နေတယ်လို့ ပြောလို့ရပြီး ကွင်းလယ်နဲ့ခံစစ်က တော်တော်လေးကို ရုန်းကန်နေရပါတယ်။ ဒီပွဲပြီးလို့ နောက်သုံးရက်နေရင် မန်ယူအသင်းနဲ့ မန်ချက်စတာဒါဘီပွဲလည်း ကစားရမှာ ဖြစ်တဲ့အတွက် ဖိအားတွေအောက်ကို ရောက်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ခြေစွမ်းအကျဘက်ရောက်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ သီယာဂိုမော့တာရဲ့ ဂျူဗင်တပ်အသင်းကို ခက်ခက်ခဲခဲကစားရနိုင်ပြီး ဂိုးပေးရနိုင်တဲ့ အနေအထားတွေကို တွေ့မြင်နေရပါတယ် ။ ဒီပွဲက တစ်ဖက်တစ်ဂိုးစီလောက်နဲ့ဘဲ ပွဲပြီးသွားနိုင်တယ်လို့ ယူဆထားလို့ အောက်ကြေးဖြစ်တဲ့ အိမ်ရှင်ဂျူဗင်တပ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾စတုဂတ် Vs ယန်းဘွိုင်း
လေးမှတ်ရထားတဲ့ စတုဂတ်အသင်းအနေနဲ့ Play – off ကစားခွင့်အခွင့်အရေးရှိပါတယ်။ အခုပွဲမှာ ဇယားအောက်ဆုံးက ယန်းဘွိုင်းအသင်းနဲ့ နောက်ပွဲမှာ စလိုဗန်လို အသင်းငယ်လေးကို နှစ်ပွဲဆက် အနိုင်ကန်ရမှာ ဖြစ်သလို နောက်ဆုံးပွဲမှာ PSG အသင်းကို အိမ်ကွင်းမှာ အဆုံးအ ဖြတ်ကစားသွားရနိုင်တဲ့ အခြေအနေကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ယန်းဘွိုင်းအသင်းလို ပွဲတိုင်းရှုံးထားပြီး ခံစစ်က တစ်ပွဲကို သုံးဂိုးလောက်ပေးထားရတဲ့အသင်းကို အိမ်ကွင်းမှာ ဂိုးတွေရသလောက်သွင်းပြီး နိုင်ပွဲရထားဖို့ လိုပါတယ်။ ဒီပွဲမှာ အိမ်ရှင်စတုဂတ်အသင်းက ဘော်ဒီကြေး နှစ်လုံးခုနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ စတုဂတ်အသင်းအနေနဲ့ ဂိုးကွာခြားချက် ကွာဟနေတာကြောင့် သွင်းဂိုးတွေ ရသလောက်သွင်းထားဖို့ လိုအပ်သလို တစ်ဂိုးအနိုင်နဲ့ ထိန်းလို့လည်းမရပါဘူး။ အနိမ့်ဆုံး နှစ်ဂိုးလောက်ပြတ်မှ အနိုင်ရဖို့ စိတ်ချရမှာ ဖြစ်သလို တစ်ဂိုးနဲ့ထိန်းထားပြီး ယန်းဘွိုင်းအသင်းက တစ်ဂိုးပြန်ရသွားပြီး မတော်တဆ သရေကျသွားရင် နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းသွားနိုင်တာကြောင့် ဂိုးပြတ်ကန်ထားဖို့လိုပါတယ်။ ယန်းဘွိုင်းအသင်းကလည်း ခံစစ်အားနည်းတာကြောင့် အိမ်ရှင်စတုဂတ်အသင်း နှစ်ဂိုးပြတ်အနိုင်ရသွားနိုင်ပြီး ပေါက်ကြေးကလည်း စတုဂတ်အသင်း ဂိုးပြတ်ပနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်တာကြောင့် စတုဂတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဒေါ့မွန် Vs ဘာစီလိုနာ
နှစ်သင်းလုံးဆယ့်နှစ်မှတ်စီ ရရှိထားပြီး ထိပ်ဆုံးရှစ်သင်းနေရာကနေ တိုက်ရိုက်ကစားခွင့်ရဖို့ ကြိုးစားနေတဲ့အသင်းတွေ ဖြစ်ပါတယ်။ တိုက်စစ်အကောင်းဆုံး နှစ်သင်း တွေ့ဆုံနေကြတာ ဖြစ်သလို ငါးပွဲစီကစားထားချိန်မှာ နှစ်သင်းပေါင်းသွင်းဂိုး သုံးဆယ့်လေးဂိုးတောင် ရထားပါတယ်။ ဒီသွင်းဂိုးပမာဏဟာ တော်တော်လေးများတဲ့ သွင်းဂိုးအရေအတွက်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ အဝေးကွင်းဘာစီလိုနာအသင်းက ဘော်ဒီကြေး ပြားခုနှစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ခံစစ်မကစားတတ်တဲ့အသင်းဖြစ်သလို အိမ်ကွင်းဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းကို ရှိန်နေမှာမဟုတ်ဘဲ ယှဥ်ကစားလာမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကလည်း အချိန်မရွေးဂိုးသွင်းနိုင်တဲ့တိုက်စစ် ဖြစ်တာကြောင့် ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေ တွေ့မြင်ရဖို့ ရှိပါတယ်။ တိုက်စစ်အကောင်းဆုံးနှစ်သင်း တွေ့ဆုံနေတဲ့ ဒီပွဲမှာ အနိမ့်ဆုံး သုံးဂိုးလောက်က မြင်တွေ့ရဖို့မခက်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ဘင်ဖီကာ Vs ဘိုလော့ညာ
ငါးပွဲကစားပြီးချိန်မှာ တစ်မှတ်သာ ရရှိထားတဲ့ ဘိုလော့ညာအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အခုအဝေးကွင်းပွဲမှာ ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားရမှာပါ။ ကိုးမှတ်ရထားတဲ့ အိမ်ရှင်ဘင်ဖီကာအသင်းကလည်း အနိုင်သုံးမှတ်ရအောင်ကစားပြီး Play – off ကစားခွင့်ရဖို့အတွက် အမှတ်စုဆောင်းလာမှာ ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းက နောက်ပွဲတွေမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် ဒီပွဲကို အနိုင်သုံးမှတ်ရထားဖို့ အရေးကြီးပါတယ်။ ဒီပွဲမှာ ဘင်ဖီကာအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ဘိုလော့ညာအသင်းက ဒီပွဲက အရှုံးအနိုင်အရေးမကြီးတော့တဲ့အတွက် အားထည့်ကစားလာမှာ မဟုတ်ဘဲ နောက်သုံးရက်နေရင်ကစားရမဲ့ တီးနားအသင်းနဲ့ စီးရီးအေ ပွဲစဥ်ကိုဘဲ အာရုံစိုက်သွားနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘင်ဖီကာအသင်း တစ်ဂိုးအနိုင်ကနေ စကြည့်ရမှာ ဖြစ်ပြီး ပြားသုံးဆယ်နဲ့ အပြည့်စားနဲ့ ကြည့်ရမဲ့ပွဲ ဖြစ်ပါတယ်။ ပေါက်ကြေးအရရော လက်ရှိအခြေအနေအရရော အိမ်ရှင်ဘင်ဖီကာအသင်း တစ်ဂိုးအနိုင်က သေချာနေတဲ့အတွက် ပြားသုံးဆယ်ရင်းပြီး ဘင်ဖီကာဘော်ဒီကို ရွေးချယ်ရမဲ့ ပွဲစဥ်ဖြစ်ပါတယ်။