၁၀ .၁၂ .၂၀၂၄
Wtitten by MMAK
◾ဂျီရိုနာ Vs လီဗာပူး
ငါးပွဲကစားပြီးချိန်မှာ သုံးမှတ်ဘဲရထားတဲ့ အိမ်ရှင်ဂျီရိုနာအသင်းအနေနဲ့ Play – off ကစားခွင့်ရဖို့အတွက်တောင် ဖြစ်နိုင်ခြေ နည်းသွားပါပြီ။ နောက်ထပ်ကစားရမဲ့ နှစ်ပွဲကလည်း အေစီမီလန်နဲ့ အာဆင်နယ်အသင်းတို့လို့ အသင်းကြီးတွေ ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ခြေ နည်းသထပ်နည်းသွားပြီလို့ ပြောလို့ရပါတယ်။ ငါးပွဲလုံးအနိုင်ရရှိထားတဲ့ လီဗာပူးအသင်းကလည်း ထိပ်ဆုံးရှစ်သင်းနေရာကနေ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိသွားပြီဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းလီဗာပူးအသင်းက ဘော်ဒီကြေးတစ်လုံးလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ လီဗာပူးအသင်းက ဒီဇင်ဘာလမကုန်ခင် ရက်နှစ်ဆယ်လောက်အတွင်းမှာ ငါးပွဲဆက်တိုက်ကစားရမှာဖြစ်တဲ့အတွက် ဒီပွဲမှာ ခြေကုန်ထုတ်ကစားလာမှာ မဟုတ်ပါဘူး။ လုံလောက်တဲ့ ရမှတ်ကို ရယူထားနိုင်ပြီဖြစ်တဲ့အတွက် အရန်ကစားသမားတွေ လူငယ်ကစားသမားတွေတောင် ပါဝင်လာနိုင်ပါသေးတယ်။ သို့ပေမဲ့ လီဗာပူးအသင်းရဲ့ခံစစ်က ငါးပွဲကစားပြီးချိန်မှာ တစ်ဂိုးဘဲပေးထားရတာ ဖြစ်တဲ့အတွက် အိမ်ရှင်ဂျီရိုနာအသင်း တစ်ဂိုးရဖို့တောင် ခက်ခဲနိုင်ပါတယ်။ လီဗာပူးအသင်းကလည်း ထိန်းကစားလာမှာ ဖြစ်ပြီး အိမ်ရှင်ဂျီရိုနာအသင်းကလည်း ဂိုးရဖို့ ခက်ခဲနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ဒိုင်နမိုဇာဂရက် Vs ဆဲလ်တစ်
ငါးပွဲကစားပြီးချိန်မှာ ခုနစ်မှတ်ရထားတဲ့ ဇာဂရက်အသင်းအနေနဲ့ Play – off ကစားခွင့်နေရာ ရရှိဖို့အတွက် မျှော်လင့်ချက် ရှိပါတယ်။ သို့ပေမဲ့ နောက်နှစ်ပွဲက အာဆင်နယ်နဲ့ အေစီမီလန်အသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အမှတ်ဆုံးရှုံးလို့ လုံးဝမရပါဘူး။ ဒီပွဲမှာ ဆဲလ်တစ်အသင်းက ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ မူလတည်ကြေးမှာ ဆဲလ်တစ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်လောက်သာ ပေါက်ပေမဲ့ လက်ရှိအချိန်မှာ သရေအရှုံးလောက်ထိ ကြေးပေါက်လာတာကို တွေ့ရပါတယ်။ အမှတ်ရရှိထားမှု အခြေအနေအရဆို အိမ်ရှင်ဇာဂရက်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပေမဲ့ ကြေးတက်လာတဲ့ ဆဲလ်တစ်အသင်းရဲ့ ဘော်ဒီကြေးကြောင့် ဆဲလ်တစ်အသင်း သေချာပေါက် ဂိုးရမယ်လို့ ပြောလို့ရပါတယ်။ အိမ်ရှင်ဇာဂရက်အသင်းကလည်း လုံးဝရှုံးလို့မရတဲ့အပြင် အနိုင်ရမှ အခြေအနေပိုကောင်းမှာ ဖြစ်တဲ့အတွက် ဆဲတစ်အသင်းသာ ဂိုးရသွားရင် ဂိုးပြန်သွင်းနိုင်အောင် တိုက်စစ်ဖွင့်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘယ်အသင်းဂိုးအရင်ရရ တိုက်စစ်ဖွင့်ကစားကြမှာ ဖြစ်တဲ့အတွက် နှစ်သင်းလုံး တစ်ဖက်တစ်ဂိုးစီလောက်ရသွားနိုင်တဲ့အတွက်ကြောင့် ဂိုးပေါ်ရွေးချယ်ခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။
◾လေဗာကူဆင် Vs အင်တာမီလန်
အင်တာမီလန်အသင်းက ဆယ့်သုံးမှတ်ရထားပြီး ခံစစ်က တစ်ဂိုးမှ မပေးထားရတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ဆယ်မှတ်ရထားတဲ့ အိမ်ရှင်လေဗာကူဆင်အသင်းအနေနဲ့ကလည်း ရမှတ်တွေ အသည်းအသန် မလိုအပ်ပါဘူး။ ဒီပွဲမှာ လေဗာကူဆင်အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးမှာ မူလတည်ကြေးက သုံးလုံးငါးဆယ်စား ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ကိုးဆယ်စားလောက်ထိ ဂိုးပေါင်းကြေး သိသိသာသာ လျော့ကျလာပါတယ်။ အင်တာမီလန်အသင်းက တစ်ဂိုးမှပေးမထားရတဲ့ ခံစစ်ကို ပိုင်ဆိုင်ထားတဲ့အပြင် လေဗာကူဆင်အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ ပက်ထရစ်ရှရစ်နဲ့ ဘိုနီဖေ့စ်တို့နှစ်ဦးလုံး မပါနိုင်တာကြောင့် ဂိုးပေါင်းကြေး လျော့ကျလာခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က နှစ်သင်းလုံး ရမှတ်အလုံအလောက်ရထားတဲ့ ဖြစ်တဲ့အတွက် အသာအယာ ထိန်းကစားလို့ရပါတယ်။ ဒီပွဲက အများဆုံး ရောက်ခဲ့ရင် နှစ်ဂိုးလောက်သာ ဖြစ်နိုင်ပြီး သုံးဂိုးလောက်ထိ မြင်ရဖို့ မဖြစ်နိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အတ္တလန်တာ Vs ရီးရဲမက်ဒရစ်
လက်ရှိချန်ပီယံ ရီးရဲအသင်းက ခြောက်မှတ်သာ ရထားပြီး Play – off ကစားခွင့်ရဖို့တောင် နိုင်ပွဲတွေ လိုအပ်နေပါသေးတယ်။ အတ္တလန်တာအသင်းကတော့ လက်ရှိအချိန်မှာ တော်တော်လေးကို ခြေစွမ်းကောင်းနေပြီး တိုက်စစ်က နောက်ဆုံးကိုးပွဲဆက် အနိမ့်ဆုံး နှစ်ဂိုးနှုန်းသွင်းထားပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ရီးရဲအသင်းက နောက်ပွဲတွေ ပွဲချောင်သေးတယ်ဆိုပေမဲ့ ဒီပွဲမှာ အရှုံးခံမှာ မဟုတ်ပါဘူး။ ရီးရဲခံစစ်နဲ့ ကွင်းလယ်မှာ ဒဏ်ရာရကစားသမားတွေ များနေပေမဲ့ တိုက်စစ်မှာ ဗင်နီစီးယက် ပြန်လည်ပါဝင်လာမှာ ဖြစ်တဲ့အတွက် ရီးရဲအသင်းလည်း သေချာပေါက် ဂိုးရပါလိမ့်မယ်။ အိမ်ရှင်အတ္တလန်တာအသင်းကလည်း ခြေစွမ်းအရမ်းကောင်းနေပြီး အိမ်ကွင်းလည်း ဖြစ်တာကြောင့် ရီးရဲအသင်းကို လုံးဝရှိန်နေမှာ မဟုတ်ဘဲ Super Cup တုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့အတွက် နိုင်ပွဲရဖို့ ဦးတည်ကစားလာနိုင်ပါတယ်။ လက်ရှိအခြေအနေအရနဲ့ ပေါက်ကြေးအရ နှစ်သင်းလုံး ဂိုးရနိုင်ပြီး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ဖို့ ရာခိုင်နှုန်းများတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ကစားသင့်ပါတယ်။
◾ဆဲလ်ဘတ် Vs PSG
သုံးမှတ်သာ ရရှိထားတဲ့ ဆဲလ်ဘတ်အသင်းအနေနဲ့ Play – off ကစားခွင့်ရဖို့အတွက် အခွင့်အရေး ရှိသေးတယ်ဆိုပေမဲ့ အဲခုပွဲ PSg ကိုနိုင်အောင်ကန်ထားရမှာ ဖြစ်ပြီး လက်ကျန်နှစ်ပွဲ ဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ အသလက်တီကိုတို့ကိုပါ နိုင်အောင် ကစားရမှာ ဖြစ်ပါတယ်။ လေးမှတ်ပဲရထားတဲ့ အင်အားကြီးကလပ် PSG အသင်းအနေနဲ့ ပိုလို့တောင် နိုင်ပွဲရဖို့ လိုအပ်နေပြီး နောက်ပွဲကလည်း မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်တဲ့အပြင် စတုဂတ်အသင်းနဲ့ အဝေးကွင်းပွဲစဥ်ကလည်း ခက်ခဲနိုင်ပါသေးတယ်။ ဒီပွဲမှာ PSG အသင်းက ဘော်ဒီကြေး နှစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံး ဖြစ်ပါတယ်။ PSG အသင်းရဲ့ ဘော်ဒီကြေးက စပေါက်တုန်းက နှစ်လုံးကိုးဆယ်စား ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ လေးဆယ်စားလောက် ကြေးတက်လာတဲ့အတွက် PSG အသင်း အနိမ့်ဆုံး နှစ်ဂိုးလောက်ရဖို့ ရှိပါတယ်။ အိမ်ရှင်ဆဲလ်ဘတ်အသင်းကလည်း သရေကျလို့တောင်မရဘဲ နိုင်ပွဲရဖို့လိုအပ်နေတာ ဖြစ်တဲ့အတွက် တိုက်စစ်ဖွင့်ကစားရုံကလွဲပြီး ဘာမှမရှိတဲ့အတွက် ဂိုးသွင်းနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ဂိုးပေါ်ကို ပိုကြိုက်နေတာ ဖြစ်ပေမဲ့ နိုင်ပွဲရဖို့ ဦးတည်ကစားလာမဲ့ အိမ်ရှင်ဆဲလ်ဘတ်အသင်း တစ်ဂိုးလောက်သွင်းနိုင်တဲ့အတွက် ပေါက်ကြေးအရ ဆဲလ်ဘတ်ဘော်ဒီနဲ့ ဂိုးပေါ်ကစားမယ်ဆိုရင် အရှုံးမရှိနိုင်တဲ့အတွက် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်အောင် အောက်ကြေးဆဲလ်ဘတ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
◾လိုက်ဇစ် Vs အက်စတွန်ဗီလာ
ငါးပွဲလုံးရှုံးနိမ့်ထားပြီး တစ်မှတ်မှမရသေးတဲ့ လိုက်ဇစ်အသင်းက Play – off ကစားခွင့်ရဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းသွားပြီဖြစ်ပေမဲ့ သင်္ချာနည်းအရတော့ ဖြစ်နိုင်ပါသေးတယ်။ ဆယ်မှတ်ရထားတဲ့ ဗီလာအသင်းကတော့ Play – off ကစားခွင့်ရဖို့ သေချာသလောက် ရှိနေတဲ့အတွက် ဒီပွဲမှာ သရေလောက်ရခဲ့ရင်တောင် မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ အဝေးကွင်းဗီလာအသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ လိုက်ဇစ်အသင်းကလည်း အသင်းကြီးတစ်သင်းဖြစ်တယ်လို့ ပြောလို့ရပြီး ငါးပွဲလုံးရှုံးထားတဲ့ သူတို့အတွက် တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ကနေရုန်းထွက်ပြချင်မှာပါ။ နောက်ဆုံးအနေနဲ့ Play – off ကစားခွင့်မရခဲ့ရင်တောင် အသင်းရဲ့ ဂုဏ်သိက္ခာနဲ့ အိမ်ရှင်ပရိတ်သတ်တွေအတွက် စိတ်ပျက်စရာကောင်းတဲ့ ရလဒ်မျိုး ထပ်မပေးသင့်တော့ပါဘူး။ အခုအိမ်ကွင်းပွဲမှာ မနိုင်ရင်တောင် အနိမ့်ဆုံးသရေလောက်တော့ ရအောင်ကစားနိုင်တယ်လို့ ထင်ပါတယ်။ Play – off ကစားခွင့်ရဖို့ နောက်ဆုံးမျှော်လင့်ချက်နဲ့ အသင်းရဲ့ ဂုဏ်သိက္ခာအတွက် အခုအိမ်ကွင်းပွဲမှာ လိုက်ဇစ်အသင်း အနိမ့်ဆုံး သရေလောက် ကစားနိုင်တယ်လို့ ယူဆထားပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရဦးမှာ ဖြစ်တဲ့အတွက် အောက်ကြေးဖြစ်တဲ့ အိမ်ရှင်လိုက်ဇစ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ရှက်တာဒိုးနတ် Vs ဘိုင်ယန်မြူးနစ်
လေးမှတ်ရထားတဲ့ ရှက်တာဒိုးနတ်အသင်းအနေနဲ့ Play – off ကစားခွင့်ရဖို့အတွက်ဆို နိုင်ပွဲရမှ ပိုကောင်းမှာ ဖြစ်ပါတယ်။ ကိုးမှတ်ရထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း ထိပ်ဆုံးရှစ်သင်းနေရာကိုဝင်ခွင့်ရဖို့အတွက် နိုင်ပွဲရအောင် ကြိုးစားလာမှာပါ။ ဒီပွဲက ကြားကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံး ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းမပါနိုင်သလို တောင်ပံက ကိုးမန်းနဲ့ ဂနာဘရီတို့လည်း မပါနိုင်ပါဘူး။ ရှက်တာဒိုးနတ်အသင်းကလည်း နိုင်ပွဲရဖို့အတွက် သွင်းဂိုးတွေ လိုအပ်နေတာကြောင့် ဘိုင်ယန်အသင်းကို တစ်ဂိုးလောက် သွင်းနိုင်ပါတယ်။ ရှက်တာအသင်းသာ တစ်ဂိုးရသွားရင် ဘိုင်ယန်အသင်းက လေးဂိုးသွင်းမှ ကြေးအောင်မှာပါ။ ဟယ်ရီကိန်းမပါနိုင်တဲ့ ဘိုင်ယန်တိုက်စစ်ကို လုံးဝယုံကြည်မှု မရှိဘဲ လေးဂိုးလောက်ထိ မသွင်းနိုင်ဘူးလို့ ထင်ပါတယ်။ အိမ်ရှင်ရှက်တာအသင်း တစ်ဂိုးလောက်ရသွားနိုင်တဲ့အတွက် အောက်ကြေးဖြစ်တဲ့ ရှက်တာဒိုးနတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။