၁၀. ၁၂. ၂၀၂၄
Written by Thettant
TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာမှာ ဆိုင်ကယ်နဲ့ ကုန်တင်ယာဥ်တစ်စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ PSLF/TNLA လက်နက်ကိုင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ TNLA က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဥ်မှာ PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်လက်နက်ကိုင် အသက် ၂၉ နှစ်အရွယ် တပ်သား မိုင်အိုက်စိုးဟာ ခွင့်ရက်ပြည့်လို့ ဌာနကိုတာဝန်ထမ်းဆောင်ဖို့သွားချိန် မာန်ဟောင်းကျေးရွာအရောက်မှာ ၁၂ ဘီးကားကုန်တင်ယာဥ်တစ်စီးနဲ့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
ယာဥ်တိုက်မှုဖြစ်ပွားအပြီး မိုင်အိုက်စိုးကို ကွတ်ခိုင်ဆေးရုံဆီ ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့ပေမဲ့ ည ၇ နာရီအချိန်မှာသေဆုံးသွားခဲ့တာပါ။
ယာဥ်တိုက်မှုဖြစ်ပွားတဲ့နေရာကို PSLF/TNLA နမ့်ဖက်ကာလက်နက်ကိုင်တွေက သွားရောက်စစ်ဆေးခဲ့ပြီး ယာဥ်မောင်းကို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။