၁၀.၁၂.၂၀၂၄
Written By Thandar
Hey Play Application နဲ့ Niyyayana Entertainment တို့က ပူးပေါင်းရိုက်ကူးမယ့် စာပေဗိမာန်စာမူဆုရဝတ္ထု “လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားလေးက မြတ်သူရဲ့ ၄ နှစ်ကြာမှ ပြန်ရိုက်တဲ့ ဇာတ်ကားပါ။ အရင်ထဲက အရမ်းကြိုက်တဲ့ ဝတ္ထုဖြစ်လို့ တကယ်လို့ ရိုက်ကူးဖြစ်ရင် ပါဝင်ချင်တဲ့ စိတ်လေးအရမ်းကိုဖြစ်ခဲ့တာပါ။ ဒီကားရိုက်ဖို့အတွက် တစ်နှစ်လောက်အချိန်ယူခဲ့ရတယ်။ MRTV-4 မှာ ဒီဇာတ်လမ်းတွဲလေး ရိုက်မယ်ဆိုတော့ ရရ မရရ Casting ဝင်ကြည့်မယ်ဆိုပြီး ဝင်ဖြစ်ခဲ့တယ်။ တကယ့်တကယ် ဒီဇာတ်ကောင်ရဲ့ အဓိကကာရိုက်တာကို မြတ်သူဖို့ ရွေးချယ်ခံရတော့ ကိုယ်ရိုက်ချင်တဲ့ ဇာတ်လေးဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်”လို့ သရုပ်ဆောင် မြတ်သူသူကပြောပါတယ်။
ဒီဇာတ်လမ်းကတော့ ဆရာမ နီနီနိုင် (သထုံ)ရဲ့ စာပေဗိမာန်စာမူဆု ဝတ္ထုဖြစ်တဲ့ “လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲအနေနဲ့ ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း နီနီနိုင် (သထုံ)၊ ဇာတ်ညွှန်းကို ဟေမာစန်း၊ မင်းမူပိုင်နဲ့ နေမျိုးအောင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ တိုးဝေယံလွင်က ဇာတ်ကို ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ၊ မြတ်သူသူ၊ ကောင်းဆက်နိုင်၊ August မိုး၊ ဘုန်းမင်းနေလ၊ မီကိုခန့်၊ မေရီမောင်၊ အလင်းသစ်၊ စောလပြည့်ဝန်းတို့က ပါဝင်ထားကြပါတယ်။
“လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲကိုတော့ Hey Play Application က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။