၉.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ ဘူတာလမ်းရှိ မီးရထားဝန်ထမ်းလိုင်းခန်းတွင် ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်က လျှပ်စစ်ဒယ်နီအိုးတည်ထားရာမှ ဝါယာကြိုး အပူလွန်ကဲ၍ မီးပွားထွက်ပြီး အနီးရှိ အဝတ်စနှင့် ပျဥ်ပြားများကို မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၁ မိနစ်ကြာမြင့်ခဲ့ပြီး အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၆ စီး၊ သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၆၅ နှစ်အရွယ် အဘိုးအိုကို တိုက်ကြီးမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။