၉.၁၂.၂၀၂၄
Written By MT
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမပေါ် တွင် ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီ ခွဲခန့်အချိန်က လမ်းဖြတ်ကူးသူတစ်ဦး ဟိုက်ဂျက် ယာဉ်နှင့်အတိုက်ခံရကာ ဦးခေါင်းနှင့်အမျိုးသားအင်္ဂါကွဲထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာကို မသိရသေးပေ။
“ည (၁၀)နာရီခွဲဝန်းကျင်က ဟိုက်ဂျက်ယာဉ်က ဖြတ်တိုက်လိုက်တာ။ လမ်းထဲက ဆက်သွယ်အကူအညီတောင်းတာ ကိုပူတူးတို့ကို။ သူတို့အဖွဲ့ အဲဒီနေရာရောက်တော့ အတိုက်ခံရသူက သေနေပြီ။ သေတဲ့သူက
ဘယ်ကမှန်းမသိဘူး။ တိုက်ခံရတော့ ဦးခေါင်းခွံကွဲတယ်။ အမျိုးသား အင်္ဂါ ပွင့်ထွက်သွားတယ်။အလောင်းကို ကိုပူတူးတို့အဖွဲ့ကရန်ကုန်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်”ဟု ဆရာစံလမ်းတွင်နေထိုင်သူက အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိမှုကို MT News သို့ ပြောပြခဲ့သည်။