၈.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)/၂ ရပ်ကွက်၊ ကြိုးကြာလမ်းနှင့် ကရဝိတ်လမ်းထောင့်တွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၃ နာရီ ၅ မိနစ်ခန့်က Honda Civic ယာဥ်ရပ်ထားစဥ် မီးဖွင့်ထားခဲ့ရာက ဝါယာကြိုးများ အပူလွန်ကဲ၍ အင်ဂျင်သို့သွယ်တန်းထားသော ဆီပိုက်သို့ မီးကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
၅ မိနစ်ခန့် ကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဖြင့် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် အင်ဂျင်ခန်းနှင့် အနောက်တာယာတို့ မီးလောင်ခဲ့ကြောင်း သိရသည်။
“မီးလောင်မှုက သိပ်မကြာလိုက်ဘူး၊ လူထိခိုက်သေဆုံးမှုလည်း မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၁ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို တောင်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။