၈.၁၂.၂၀၂၄
Written By Thandar
ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ တေးသံရှင် မေ့ချစ်သက်က မိခင်မွေးနေ့အမှတ်တရအနေနဲ့ “အလှဆုံးမေမေ” သီချင်းသစ်တစ်ပုဒ် လက်ဆောင်ပေးခဲ့ပါတယ်။
သူ့မရဲ့ နေအိမ်ဘုရား အနေကဇာတင်အလှူအခမ်းအနားကိုလည်း ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးက အိမ်မှာပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့က အဓိက မေမေ့ မွေးနေ့လေးပါ။ မေမေ့ မွေးနေ့လေးရော ဘုရားအနေကဇာတင်ရောလုပ်ဖြစ်လိုက်တာပါ။ မေမေ့ မွေးနေ့လေးကို အလှူလေးလည်း လုပ်ပေးချင်တာရယ်၊ အိမ်လေးပြောင်းထားတာရောကြောင့် ဘုရားအနေကဇာတင်လည်း သေချာမလုပ်ရသေးလို့ လုပ်ဖြစ်လိုက်တာပါ။ ဆရာတော်တွေကို အရုဏ်ဆွမ်းကပ်ပြီး မေမေ့အတွက် အဓိက ကုသိုလ်လေးယူဖြစ်တာပါ။ မေမေကလည်း အထွေအထူးလည်း မလုပ်ချင်တာကြောင့်ပါ။ သမီးစုထားတဲ့ ပိုက်ဆံလေးနဲ့ မေမေကို အလှူလုပ်ဖြစ်တာပါ။ သားအမိက သုံးယောက်ထဲမို့ တိုင်ပင်လှူဖြစ်တာပါ။ မေမေကတော့ လှူနေရရင် ပျော်နေတဲ့သူပါ။ မေမေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သီချင်းလေးတစ်ပုဒ်ထွက်ဖြစ်ပါတယ်” လို့ တေးသံရှင် မေ့ချစ်သက်ကပြောပါတယ်။
အဆိုပါ အနေကဇာတင်ကို နံနက်ပိုင်းက ဆရာတော်သံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူကို အနုပညာရှင်တွေဖြစ်တဲ့ ဒေါင်းဝေ၊ စွမ်းထက်အောင်၊ အကယ်ဒမီဝါဝါအောင် စတဲ့သူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
သူမရဲ့ မိခင်ဖြစ်သူ ဒေါ်နွယ်နီဝင်းရဲ့ မွေးနေ့လက်ဆောင် အနေနဲ့ အလှဆုံးမေမေ သီချင်းတစ်ပုဒ်လက်ဆောင်ပေးလိုက်တာလည်းဖြစ်ပါတယ်။ မနှစ်က မိခင်မွေးနေ့ကို လော့ကတ်သီးလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မေ့ချစ်သက်က တေးရေး သဟာအောင်ရေးထားတဲ့ “အလှဆုံးမေမေ” Music Video ကို ဒါရိုက်တာ ပဏ္ဏိတက သရုပ်ဆောင်အနေနဲ့ ခိုင်နှင်းဝေ၊ ဒေါင်းဝေ၊ မေချစ်သက်၊ မေဖူးငုံချစ်တို့နဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။