၈. ၁၂ .၂၀၂၄
Wtitten by MMAK
◾ဖူဟမ် Vs အာဆင်နယ်
အာဆင်နယ်အသင်းက လူပြန်စုံလာပြီးနောက်ပိုင်း ရလဒ်တွေ ပြန်ကောင်းလာသလို နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရထားပြီး တိုက်စစ်ကလည်း ဂိုးသွင်းအားကောင်းလာပါတယ်။ ဖူဟမ်အသင်းက သူ့ထက်နိမ့်တဲ့အသင်းတွေနဲ့ ဆိုရင် ကမောက်ကမရလဒ်တွေ ထွက်တတ်ပေမဲ့ သူ့ထက်မြင့်တဲ့အသင်းတွေဆို ရလဒ်ကောင်းပါတယ်။ မန်စီးတီးနဲ့ မန်ယူကို တစ်ဂိုးနဲ့ ကပ်ရှုံးခဲ့ပြီး စပါးကိုသရေကျကာ နယူးကာဆယ်နဲ့ဘရိုက်တန်တို့ကို ဂိုးပြတ်နိုင်ထားပါတယ်။ ဒီပွဲက လန်ဒန်ဒါဘီပွဲ ဖြစ်တဲ့အပြင် ဖူဟမ်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် ခြေစွာနေတဲ့အာဆင်နယ်ကို ဒုက္ခကောင်းကောင်း ပေးနိုင်တယ်ဆိုတာ သေချာပါတယ်။ အဝေးကွင်း အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်ဘော်ဒီကို ရွေးချယ်မယ်ဆိုရင် နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တဲ့အပြင် ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်နေတဲ့အတွက် ဂိုးပေါ်ကိုပါ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ အိမ်ရှင်ဖူဟမ်အသင်း ဂိုးရနိုင်တယ် ယူဆထားပြီး ဖူဟမ်အသင်းသာ တစ်ဂိုးရခဲ့ရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှုအဖြစ် ဖူဟမ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
◾အစ်ဆွတ်ချ် Vs ဘုန်းမောက်
အစ်ဆွတ်ချ်အသင်းက တိုက်စစ်အသားပေးပုံစံ ကစားတတ်တဲ့အတွက် ဂိုးတွေရသင့်သလောက် ရပေမဲ့ ခံစစ်ကတော့ ပေးဂိုးများနေတာ တွေ့ရပါတယ်။ ဘုန်းမောက်အသင်းကို တိုက်စစ်ယှဥ်ကစားမယ်ဆိုရင် သူတို့အသင်းဂိုးရဖို့ထက် ဘုန်းမောက်အသင်းက ဂိုးရနိုင်ချေက ပိုများပါတယ်။ ဒီပွဲမှာ အဝေးကွင်း ဘုန်းမောက်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ နှစ်သင်းလုံးရဲ့ ကစားပုံနဲ့ လက်ရှိပေါက်ကြေးက တိုက်စစ်အပြုင်ဖွင့်ကစားပြီး သွင်းဂိုးသေချာသွင်းနိုင်တဲ့အသင်းက အနိုင်ရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ တိုက်စစ်အပြိုင်ဖွင့်ကစားရင် ဘုန်းမောက်အသင်းရဲ့ ကစားပုံနဲ့ ကစားသမားအရည်သွေးက ပိုသာတဲ့အတွက် သွင်းဂိုးရနိုင်ခြေ ပိုများပါတယ်။ ဒီပွဲမှာ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်က အနိမ့်ဆုံး နှစ်ဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဘုန်းမောက်ဘော်ဒီနဲ့ ဂိုးပေါ် နှစ်ခုလုံးကို ရွေးချယ်ပေးချင်ပြီး ဘုန်းမောက်ဘော်ဒီကို တင်ကစားစေချင်ပါတယ်။
◾လက််စတာ Vs ဘရိုက်တန်
လက်စတာအသင်းကို နစ္စတယ်ရွိုင်းကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာ ဝက်စ်ဟမ်းအသင်းကို ဂိုးပြတ်အနိုင်ရလိုက်တာကြောင့် ယုံကြည်မှု အားကောင်းနေပါတယ်။ လက်စတာအသင်းက အိမ်ကွင်းခုနှစ်ပွဲ ကစားထားရာမှာခုနစ်ပွဲလုံးဂိုးသွင်းထားနိုင်ပြီး နည်းပြအသစ်ကလည်း တိုက်စစ်အသားပေး ကစားတတ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ လက်စတာအသင်း ဂိုးရနိုင်ခြေများပါတယ်။ ဘရိုက်တန်အသင်းက တန်းဆင်းဇုန်က အသင်းတွေ ဖြစ်တဲ့ ဆောက်သမ်တန် အစ်ဆွတ်ချ်အသင်းနဲ့ ဝုဗ်အသင်းတို့ကို သရေသာရခဲ့ပြီး အနိုင်ရအောင် မကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဝေးကွင်း ဘရိုက်တန်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အိမ်ရှင်လက်စတာအသင်း ဂိုးရနိုင်တယ်လို့ ယူဆထားလို့ လက်စတာအသင်းသာ တစ်ဂိုးရသွားရင် ဘရိုက်တန်အသင်းက သုံးဂိုးသွင်းနိုင်မှ ကြေးအပြည့်စားရမှာ ဖြစ်ပါတယ်။ တစ်လုံးသုံးဆယ်စားဆိုတဲ့ ဘော်ဒီပေါက်ကြေးက ကြေးအောင်ဖို့ ခက်ခဲတတ်သလို ဘရိုက်တန်အသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးထပ်မပိုပါဘူး။ ဒီပွဲမှာတော့ အိမ်ရှင်လက်စတာအသင်း ဘော်ဒီကိုဘဲ ရွေးချယ်ပေးချင်ပါတယ်။
◾စပါး Vs ချဲလ်ဆီး
အသင်းကြီးအချင်းချင်း တွေ့ကြတဲ့ လန်ဒန်ဒါဘီပွဲစဥ်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိဦးမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းက ပုံစံကောင်းပိုရနေပြီး တိုက်စစ်က သွင်းဂိုးအများဆုံးရထားတဲ့ အသင်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက အဝေးကွင်း ဂိုးသွင်းအား ပိုကောင်းသလို စပါးအသင်းကလည်း အိမ်ကွင်းပွဲတွေမှာ တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးလောက်သွင်းထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးပျော့နေပေမဲ့ ဂိုးပေါင်းကြေး မြင့်မားနေသလို လက်ရှိခြေစွမ်းအရ နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ပွဲ ဖြစ်ပါတယ်။ ဒါဘီပြိုင်ပွဲ ဖြစ်တာကြောင့် အနိုင်ရလဒ်ကို ဦးတည်ကစားတတ်သလို တစ်သင်းသင်း ဂိုးသွင်းရင် ကျန်တဲ့အသင်းက ဂိုးပြန်ရအောင် တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းတွေ ဖြစ်ပါတယ်။ နှစ်သင်းလုံးက ဂိုးသွင်းအား အရမ်းကောင်းသလို အရှုံးအနိုင် အဖြေပေါ်အောင် တိုက်စစ်ဖွင့်ကစားကြမဲ့ လန်ဒန်ဒါဘီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဗင်နီဇီယာ Vs ကိုမို
တန်းဆင်းဇုန်မှာ ရောက်နေတဲ့ တန်းတက်နှစ်သင်း ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ အီတလီစီးရီးအေဆိုတာ ခံစစ်အသားပြု ကစားတတ်တဲ့ အသင်းတွေ များပေမဲ့ ဒီနှစ်သင်းကတော့ အသင်းလိုက် ကစားအားကောင်းတဲ့ တိုက်စစ်အသားပေးအသင်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ တိုက်စစ်အသားပေးတတ်တဲ့ ပုံစံကြောင့် ခံစစ်က ပေးဂိုးတွေများနေတဲ့ နှစ်သင်းဖြစ်သလို သွင်းဂိုးတွေလည်း ရသင့်သလောက် ရယူထားနိုင်တာကို တွေ့ရပါတယ်။ ဖာဘရီဂတ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဆိုရင် နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ ဂိုးပေါင်းအပေါ် ဖြစ်ထားပြီး ခြောက်ပွဲဂိုးအောက် ထားပါတယ်။ အိမ်ရှင်ဗင်နီဇီယာအသင်းဆိုရင် နောက်ဆုံးလေးပွဲမှာ သွင်းဂိုးတစ်ဂိုးသာ သွင်းထားနိုင်ပေမဲ့ ဒီနှစ်သင်းထိပ်တိုက် တွေ့နေတဲ့ ဂိုးပေါင်းကြေးက သုံးလုံးကိုးဆယ်စား ပေါက်နေပါတယ်။ ဂိုးပေါင်းကြေး တက်လာတာမျိုး တွေ့ရသလို အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲစဥ်ဖြစ်ပါတယ်။ တန်းတက်အသင်းတွေ ထိပ်တိုက်တွေ့ကြပြီဆိုရင် အရှုံးအနိုင်ပေါ်အောင် တိုက်စစ်ဖွင့်ကစားတတ်တာဟာ လိဂ်တိုင်းလိုလိုမှာ အမြဲတွေ့နေရပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်ပြီး ခံစစ်ကလည်း အရမ်းညံ့တဲ့ အသင်းတွေ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ အရှုံးအနိုင်ပေါ်အောင် တိုက်စစ်ဖွင့်ကစားကြမဲ့ တန်းတက်နှစ်သင်း တွေ့ဆုံမှုမှာ ဂိုးပေါ်တစ်ကွက်ကို အကြိုက်ဆုံး ဖြစ်ပါတယ်။