၇. ၁၂ .၂၀၂၄
Wtitten by MMAK
◾အဲဗာတန် Vs လီဗာပူး
ပရီးမီယားလိဂ် အသင်းတွေထဲမှာ အဲဗာတန်အသင်းရဲ့ ဒါဘီပြိုင်ဘက်က လီဗာပူးတစ်သင်းတည်းသာ ရှိတဲ့အတွက် တွေ့တဲ့အချိန်တိုင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြတဲ့ မာဆေးဆိုက်ဒါဘီပွဲ ဖြစ်ပါတယ်။ ဒီပွဲက ရာသီဥတုကြောင့် ယာယီအချိန်ရွှေ့ထားပေမဲ့ ပြန်ကန်နိုင်ခြေလည်းရှိတာကြောင့် ကြေးဖွင့်ရာမှာ အဝေးကွင်း လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံး နှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဒါဘီပြိုင်ဘက် ဖြစ်သလို အဝေးကွင်းလည်းဖြစ်နေတာကြောင့် လီဗာပူးအသင်း နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်ကူနိုင်သလို ပေါက်ကြေးအရ နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးကလည်း ဂိုးပေါ်ခေါ်ထားသလို ဖြစ်နေတာကို တွေ့ရပါတယ်။ လီဗာပူးအသင်းက ခံစစ်အကောင်းဆုံးအသင်း ဖြစ်သလို အဲဗာတန်အသင်းရဲ့ အိမ်ကွင်းခံစစ်ကလည်း တစ်ပွဲတစ်ဂိုးလောက်ပဲ ခွင့်ပြုထားရတဲ့ ခံစစ် ဖြစ်ပါတယ်။ သူတို့နှစ်သင်း နောက်ဆုံးတွေ့ဆုံမှု ငါးပွဲလုံးကလည်း ဂိုးအောက်ဖြစ်ထားတာကြောင့် အခုပွဲမှာလည်း ထိန်းကစားရင် ဂိုးအောက်သွားမယ် ထင်ပါတယ်။ အများဆုံး သုံးဂိုးလောက်သာ တွေ့ရနိုင်ပြီး လေးဂိုးလောက်ရောက်ဖို့ ဖြစ်နိုင်ချေနည်းတာကြောင့် ပြားငါးဆယ်ရင်းပြီး ဂိုးအောက်ကစားသင့်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs မန်စီးတီး
မန်စီးတီးအသင်းက ရမှတ်ဆုံးရှုံးတာတွေ များနေတာကြောင့် အရေးတကြီးနိုင်ပွဲတွေ လိုအပ်နေချိန်မှာ တန်းဆင်းဇုန်အထက်နားက ပဲလေ့စ်အသင်းကို ဘော်ဒီကြေး တစ်လုံးလေးဆယ်စား ပေးထားတဲ့ ပေါက်ကြေးက တော်တော်လေးပျော့နေပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အနိမ့်ဆုံး တစ်လုံးသရေလောက် ပေးသင့်တာ ဖြစ်ပေမဲ့ တစ်လုံးသွင်းတာနဲ့ လေးဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးက မဖြစ်သင့်ပါဘူး။ မန်စီးတီးအသင်းမှာ အဓိက ကစားသမားတွေ တော်တော်များ ဒဏ်ရာရနေသလို ဂန်ဒိုဂန်နဲ့ ရီကိုလူးဝစ်တို့ ပါဝင်လာမဲ့ မန်စီးတီးကွင်းလယ်က အိမ်ရှင်ပဲလေ့စ်အသင်းကို သေချာပေါက် ဂိုးပေးရနိုင်ပါတယ်။ ဒီပေါက်ကြေးအရဆိုရင်တော့ မန်စီးတီးအသင်းကို မရွေးသင့်ပါဘူး။ မန်စီးတီးနိုင်ခဲ့ရင်တောင် တစ်ဂိုးထပ် မပိုနိုင်သလို တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျသွားနိုင်တယ်လို့ ထင်ပါတယ်။ အိမ်ရှင်ပဲလေ့စ်အသင်းဘော်ဒီနဲ့ ဂိုးအောက်ရွေးချယ်မယ်ဆိုရင် မရှုံးနိုင်ပါဘူး။ ဖိုက်တာကျတဲ့ ရွေးချယ်မှုဖြစ်ပေမဲ့ ဒီပေါက်ကြေးအရ ပဲလေ့စ်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘရန့်ဖို့ Vs နယူးကာဆယ်
ဘရန့်ဖို့အသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာအမှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးအသင်းထက်ကို အိမ်ကွင်းရလဒ်ပိုကောင်းပါတယ်။ ဘရန့်ဖို့အသင်းက အိမ်ကွင်းခုနစ်ပွဲမှာ ခြောက်ပွဲနိုင် တစ်ပွဲသရေဖြစ်ထားပြီး သွင်းဂိုး နှစ်ဆယ့်နှစ်ဂိုးတောင် ရထားပါတယ်။ ဒီလိုအခြေအနေမှာ နယူးကာဆယ်အသင်းက အောက်ကနေလှန်ပြီး ပြားလေးဆယ်အရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ ဒီပေါက်ကြေးမှာ အဝေးကွင်းနယူးကာဆယ်အသင်း သေချာပေါက်ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အိမ်ကွင်းတစ်ပွဲကို သုံးဂိုးလောက်သွင်းထားတဲ့ ဘရန့်ဖို့အသင်းကလည်း ဂိုးမရစရာ အကြောင်းမရှိပါဘူး။ ဒီပွဲက တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာဖြစ်ပြီး အနိမ့်ဆုံးသုံးဂိုးလောက်က အသာအယာ မြင်ရနိုင်ပါတယ်။ နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs ဆောက်သမ်ပ်တန်
ဆောက်သမ်ပ်တန်အသင်းရဲ့ တိုက်စစ်က ဂိုးရဖို့မလွယ်ပေမဲ့ ခံစစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးလောက်က လွယ်လွယ်ကူကူ ပေးနေရပါတယ်။ ဒီပွဲမှာလည်း ဗီလာအသင်းကို အနိမ့်ဆုံးနှစ်ဂိုးလောက်က သေချာပေါက်ပေးရဦးမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဗီလာအသင်း ကြေးမအောင်ချင်လို့ ထိန်းကစားနိုင်တာ တစ်ခုကလွဲပြီး ဆောက်သမ်ပ်တန်အသင်းကို အနိုင်မရစရာ အကြောင်းမရှိပါဘူး။ ဗီလာအသင်း တစ်ဂိုးအသာနဲ့နိုင်မလား ၊နှစ်ဂိုးပြတ်နိုင်မလားဘဲ ကြည့်ရမှာ ဖြစ်ပေမဲ့ ဆောက်သမ်ပ်တန်အသင်းရဲ့ ပြဲလွန်းလှတဲ့ ခံစစ်ကြောင့် နှစ်ဂိုးပြတ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒီညပွဲမှာ အထက်ကြေးပေးထားတဲ့ လီဗာပူး၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့ ကြေးအောင်ဖို့ ခက်ခဲနိုင်တာကြောင့် ဗီလာအသင်းကို ကြေးအောင်နိုင်တဲ့ အထက်ကြေး ရွေးချယ်မှုအဖြစ် ဗီလာအသင်း ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾မန်ယူ Vs နော်တင်ဟန်ဖောရက်
မန်ယူအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု အားနည်းသေးတာ ဖြစ်ပေမဲ့ အိမ်ကွင်းပွဲမှာတော့ အနိုင်ရလဒ်ရယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဖောရက်အသင်းကလည်း အရမ်းညံ့တဲ့အသင်း မဟုတ်ပေမဲ့ နောက်ပိုင်းပွဲတွေမှာ အသင်းကြီးတွေကို ဂိုးပြတ်ရှုံးထားတာ တွေ့ရတာကြောင့် ဒီနေ့ပွဲမှာလည်း သွင်းဂိုးတွေ ပေးရနိုင်ပါတယ်။ မန်ယူအသင်းရဲ့ တစ်လုံးခြောက်ဆယ်စား ဘော်ဒီကြေးမှာ မန်ယူအသင်း သေချာပေါက် ဂိုးရနိုင်သလို ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ကြေးက အနည်းငယ်ပျော့ပါတယ်။ မန်ယူဘော်ဒီရွေးချယ်မယ်ဆိုရင် နှစ်ဂိုးသွင်းမှ ကြေးအပြည့်စားရမှာ ဖြစ်တဲ့အတွက် ဂိုးပေါင်းအပေါ်ကိုဘဲ ပိုကြိုက်ပါတယ်။ မန်ယူအသင်း ဦးဆောင်ဂိုးရလိုက်တာနဲ့ ဖောရက်အသင်းကလည်း တိုက်စစ်ဖွင့်ကစားပြီး အချိန်မရွေး ဂိုးပြန်ရသွားနိုင်ပါတယ်။ ဒီပွဲမှာ နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးပေါင်းအပေါ်ရွေးချယ်မှုက ပိုပြီးတော့ စိတ်ချရပါတယ်။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ ဖောရက်အသင်း ဂိုးရနိုင်သလို နိုင်ပွဲလိုအပ်နေတဲ့ မန်ယူအသင်းလည်း ဂိုးရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ရိုးမား Vs လက်ချီ
နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ရိုးမားအသင်းအနေနဲ့ နိုင်ပွဲပြန်ရဖို့ အချိန်တန်နေပါပြီ။ နည်းပြပြောင်းလဲထားပြီးချိန်မှာတောင် ရလဒ်တွေကောင်းမလာသေးဘဲ နိုင်ပွဲရဖို့ လုံးဝလိုအပ်နေချိန်မှာ လက်ချီလို သူ့အောက်ကဖိအားပေးနေတဲ့ အသင်းကို အိမ်ကွင်းမှာ နိုင်အောင်ကန်သင့်ပါတယ်။ ဒီပွဲမှာ ရိုးမားအသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ရိုးမားအသင်းရဲ့ ဘော်ဒီကြေးက အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရမဲ့ ဘော်ဒီကြေး ဖြစ်သလို နိုင်ပွဲရဖို့ လိုအပ်နေချိန် ဖြစ်တာကြောင့် ရိုးမားအသင်း သေချာပေါက် တစ်ဂိုးအသာနဲ့ အနိုင်ရသွားပါလိမ့်မယ်။ နှစ်ဂိုးပြတ်မှ ကြေးအပြည့်စားရမှာ ဖြစ်ပေမဲ့ တစ်ဂိုးအနိုင်လောက်နဲ့ ထိန်းကစားမှာ မဟုတ်ပါဘူး။ အိမ်ကွင်းဖြစ်တာကြောင့် ဂိုးတွေရသလောက်သွင်းပြီး ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်တာကြောင့် ရိုးမားဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။