၇.၁၂.၂၀၂၄
Written By Thandar
ဂန္တဝင် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ (ဒေါ်)ခင်သန်းနုရဲ့ ယနေ့ ဒီဇင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့လေးကို အမှတ်တရအနေနဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက ကျင်းပပေးခဲ့ပါတယ်။
အဆိုပါ မွေးနေ့လေးကို ဒီဇိုင်နာမျိုးမင်းစိုးက စီစဥ်ပေးခဲ့တာဖြစ်ပြီး ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ဖက်ရှင်ဝတ်စုံဒီဇိုင်းလေးနဲ့ ဆင်မြန်းပြီး ကိတ်ခွဲခဲ့ကြတာလည်းဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကိုတော့ အိမ်မှာပဲ ၇၉ နှစ်ပြည့် အမှတ်တရအနေနဲ့ မိတ်ကပ်ဆရာ လီလီနဲ့ သေချာပြင်ဆင်ပေးပြီး ခြယ်သပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီဇိုင်နာ မျိုးမင်းစိုးက မွေးနေ့ပွဲကို ၄ နှစ်ပြည့်တိုင်း ကျင်းပပေးခဲ့သူလည်းဖြစ်ပါတယ်။
မင်းသမီးကြီး အကယ်ဒမီခင်သန်းနုကတော့ ပြည်ထောင်စုမယ်ဘွဲ့ကို တစ်ချိန်က ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ သူ့ခေတ်နဲ့ သူ ဓာတ်ပြားခေတ် ဆေးရောင်စုံခေတ်တွေမှာ အောင်မြင်မှုများစွာ ရရှိခဲ့သူပါ။