MT News
အလုပ်သမားများ တင်ဆောင်လာသည့် ဖောကားတိမ်းမှောက်၍ အမျိုးသမီးငါးဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရမှု ဇန်နဝါရီ ၇ ရက် ညနေစောင်းက နေပြည်တော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ညေန ၆ နာရီခန့်ကနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှေ့တွင် အလုပ်သမားများတင်ဆောင်လာသည့် ဖောကားမတော်တဆတိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီး ၅ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖောကားက လူ ၄၀၊ ၅၀ လောက် တင်လာတာ။ အလုပ်သိမ်းအပြန်မှာဖြစ်သွားတာ။ အမျိုးသမီးငါးဦးကတော့ နေရာတင်ပွဲချင်းပြီးဆုံးသွားတာ”ဟု ကူညီပေးခဲ့သည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒဏ်ရာရလူနာ ၂၉ ဦးနှင့် သေဆုံးသူ အမျိုးသမီး ၅ ဦး တို့အား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ လူနာတင်ယာဉ် ၄ စီး၊ သဗ္ဗသုခအသင်းမှ လူနာတင်ယာဉ်၂ စီး၊ ပျဉ်းမနား ဗြဟ္မစိုရ်အသင်းမှ လူနာတင်ယာဉ် ၁ စီး၊ ပျဉ်းမနား မွန်မြတ်သူအသင်းမှလူနာတင်ယာဉ် ၁ စီး၊ စုစုပေါင်းလူနာတင်ယာဉ် ၈ စီး တို့ဖြင့် ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀) သို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။