◾ အတိုက်အခံပါတီများ၏ သမ္မတယွန်အပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်သည့်အဆိုကို လွှတ်တော်တွင် အတည်ပြုနိုင်ရေး လိုအပ်သည့်မဲရရန် မသေချာသေး
၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
သမ္မတယွန်ဆက်ခ်ယိုက ဒီဇင်ဘာလ ၇ ရက် နံနက်မှာ တစ်နိုင်ငံလုံးကို ရုပ်မြင်သံကြားက မိန့်ခွန်းပြောခဲ့ရာမှာ ဒီဇင်ဘာလ ၃ ရက်ညက သူ့အနေနဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး ပြည်သူလူထုကို စိတ်လှုပ်ရှားအောင်ပြုမိခဲ့လို့ ‘တောင်းပန်ပါတယ်၊ နောင်ဒါမျိုး ထပ်မံမပြုလုပ်ပါဘူး’ လို့ ပြောခဲ့ပါတယ်။
အတိုက်အခံပါတီတွေကတော့ ယွန့်အပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းထားပြီး ဒီဇင်ဘာလ ၇ ရက် ကိုရီးယားစံတော်ချိန် ညနေ ၅ နာရီမှာ မဲခွဲဆုံးဖြတ်မယ်လို့ သိရပါတယ်။
သမ္မတယွန်ရဲ့ ဒီရက်သတ္တပတ်အစောပိုင်းမှာ ခြောက်နာရီခန့်သာသက်တမ်းရှိပြီး အောင်မြင်မှုမရခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုအပြီးမှာ တောင်ကိုရီးယားမှာ နိုင်ငံရေးဆိုင်ရာမတည်ငြိမ်မှု အခြေအနေတစ်ရပ် ဖြစ်လာခဲ့တာပါ။
အတိုက်အခံအမတ်တွေက တင်သွင်းတဲ့ ယွန့်အပေါ် စွပ်စွဲပြစ်တင်တဲ့ အယုံအကြည်မရှိအဆိုကို လွှတ်တော်က အတည်ပြုနိုင်ဖို့ရာ အမတ်ဦးရေ ၃၀၀ ရဲ့ သုံးပုံနှစ်ပုံ အနည်းဆုံးလိုအပ်မှာပါ။ လွှတ်တော်မှာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(DP) နဲ့ တခြားအတိုက်အခံပါတီငယ်ငါးခုက အမတ်နေရာ ၁၉၂ နေရာရထားပြီး အာဏာရ ပြည်သူ့စွမ်းအားပါတီ(PPP) က ၁၀၂ နေရာရထားတာပါ။
ဒါကြောင့် အတိုက်အခံတွေအနေနဲ့ အဆိုကို အတည်ပြုနိုင်ဖို့ အနည်းဆုံး PPP ပါတီမှ အမတ်ရှစ်ဦးရဲ့ ထောက်ခံမှု လိုအပ်နေပါတယ်။ PPP ကလည်း အဆိုကိုဆန့်ကျင်မယ့် ပါတီရဲ့မူဝါဒကို မပြောင်းလဲလို့ ပြောထားတာကြောင့် အတိုက်အခံတွေရဲ့ အဆိုပြုချက်ကို လွှတ်တော်မှာအတည်ပြုဖို့ရာသေချာမှုမရှိ ဖြစ်နေပါတယ်။
Ref- Yonhap