MT News
Written By Thandar
မကြာခင်က ရွှေလက်တွဲခဲ့တဲ့ သရုပ်ဆောင် ခေးဆက်သွင်ကတော့ “ချစ်မိတော့လည်း ဇွတ်” ဇာတ်ကား ရိုက်ကူးချိန်တုန်းက အပြင်မှာလည်း အပျိုကြီးဘဝနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးသူကိုယ်တိုင် အိမ်ထောင်ကျခဲ့လို့ ကြည့်တဲ့သူတွေလည်း အိမ်ထောင်ကျနိုင်လို့ အပျိုကြီးတွေ ကြည့်ပေးပါလို့ ဖွင့်ဟလာပါတယ်။
“အဓိက ဇာတ်ဆောင်က နှစ်ယောက်ဖြစ်နေတယ်။အသက် ၃၀ ကျော်အရွယ်အပျိုကြီးကာရိုက်တာပါ။ ခေးက ဒီဇာတ်လမ်းရိုက်တဲ့ အချိန်က အပြင်မှာလည်း အပျိုကြီးပါ။ ဒီဇာတ်ညွှန်းကလည်း ခေးကိုကြည့်ပြီး ရေးထားတယ်လို့ပြောတယ်။ ခေးအတွက် ဟာသဖန်စီလေးမို့ သိပ်မခက်ခဲပါဘူး။ ဒီဇာတ်ကားရိုက်ပြီးမှ ခေး အိမ်ထောင်ပြုလိုက်တာပါ။ ဒီကားလေး အပျိုကြီးတွေ များများ ကြည့်ပေးပါ။ ရိုက်နေတဲ့သူလည်း ရသွားတယ်ဆိုတော့ ကြည့်နေတဲ့သူလည်း ရနိုင်ကောင်းပါတယ် ” လို့ သရုပ်ဆောင်ခေးဆက်သွင်က ပြောပါတယ် ။
ဒီဇာတ်လမ်းတွဲမှာတော့ ထက်အောင်ရှိုင်းနဲ့ ခေးဆက်သွင်တို့က မတည့်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဇာတ်အိမ်တည်ထားတာပါ။“ချစ်မိတော့လည်း ဇွတ်” ဇာတ်ကား Family Show ကြည့်ချိန်မှာ ရိုက်ကွင်းပေါ်က သရုပ်ဆောင်အားလုံးနဲ့ပြန်ဆုံတော့ အမှတ်တရတွေရှိသလို လက်ရှိမှာတော့ သူမက ဇာတ်ကား ရိုက်ကူးမူတွေကို စိစစ်လက်ခံနေလျက်ရှိပြီး အမျိုးသားဖြစ်သူကလည်း အနုပညာနဲ့ပတ်သက်ပြီး နားလည်မှုပေးထား တယ်လို့ သိရပါတယ်။