၆. ၁၂.၂၀၂၄
Translated by Tha Doe
အသက် ၁၈ နှစ်အောက် အပျိုစင်အမျိုးသမီးငယ် ၂၅ ဦးခန့်ကို တရုတ်နိုင်ငံသားတွေဆီ တစ်ကြိမ် လိင်ဆက်ဆံရင် ဘတ် ၁ သိန်းနဲ့ ၂ သိန်းကြားစျေးနဲ့ အခကြေးငွေယူ ပြည့်တန်ဆာခေါင်းလုပ်တဲ့ ထိုင်းအမျိုးသမီးနှစ်ဦးကို ဖမ်းမိထားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်က မိန်းကလေးငယ်တွေ ရှာဖွေပြီး အပျိုစင်တွေအဖြစ် လိင်ဆက်ဆံဖို့ ဈေးကွက်တင်ရောင်းချတဲ့ အမျိုးသမီးငယ် ၂၅ ဦးခန့်ကို တစ်ဦး ဘတ် ၁၂၀,၀၀၀ ကနေ ၂၀၀,၀၀၀ (ကျပ်သိန်း ၁၆၀ ခန့်မှ ကျပ်သိန်း ၂၇၀ ခန့်အကြား) ဈေးပေးတဲ့ တရုတ်ဖောက်သည်တွေဆီကို ရောင်းချမှုနဲ့ ပြည့်တန်ဆာခေါင်းထိုင်းအမျိုးသမီးနှစ်ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တာပါ။
ပြည့်တန်ဆာခေါင်း နှစ်ဦးထဲမှာ တစ်ဦးက နာလွတ်ပွန်းဆိုသူ အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမကို ဆူဖန်ဘူရီခရိုင်က အနှိပ်ခန်းတစ်ခုရှေ့ ဖမ်းမိခဲ့တာပါ။ နောက်တစ်ဦးကတော့ အသက် ၂၁ နှစ်အရွယ် ပနီဒါ ဖြစ်ပြီး သူမကိုတော့ ဘန်ကောက်မြို့ ဟွေးခေါင်ခရိုင်၊ ရာမ ၉ လမ်းက သူမရဲ့ ကွန်ဒိုတိုက်ခန်းမှာ ဖမ်းမိခဲ့တာပါ။
တရားခံထိုင်း အမျိုးသမီး နှစ်ဦးက သူမတို့ရဲ့ တရုတ် ဖောက်သည်တွေဆီ ရောင်းချလိုက်တဲ့ အမျိုးသမီးတွေက အပျိုစင်စစ် မဟုတ်ရင် ဖောက်သည်တွေကို ၅၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းချတယ်လို့လည်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
သူမတို့နှစ်ဦးဟာ အပျိုစင်မိန်းကလေးငယ်တွေကို ဘန်ကောက်မြို့က ဇိမ်ခံဟိုတယ်တွေမှာနေပြီး တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေထံ အဓိက ရောင်းချနေတယ်လို့လည်း ရဲတပ်ဖွဲ့ထံ ဝန်ခံထားပါတယ်။
လက်ရှိမှာတော့ ပြည့်တန်ဆာခေါင်း ထိုင်းအမျိုးသမီးနှစ်ဦးကို အရွယ်မရောက်သေးတဲ့ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာလုပ်ငန်းကနေ တရားမ၀င် အကျိုးခံစားခွင့်ရယူမှု၊ လူကုန်ကူးမှု ရာဇ၀တ်မှုကျူးလွန်တာ စတဲ့ ပုဒ်မတွေနဲ့ စစ်ဆေးအရေးယူထားပါတယ်။
Ref, Khaosod & Matichon