၅.၁၂.၂၀၂၄
Written by KL
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၅၇/၁) တွင် ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က လူနာတင်ယာဥ်တစ်စီးမှာ လမ်းလယ်ကျွန်းရှိ သစ်ပင်ကို ဝင်တိုက်ရာက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယာဥ်ပေါ်တွင် အမျိုးသား၃ဦး လိုက်ပါလာပြီး သစ်ပင်အားဝင်တိုက်သဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယာဥ်မတော်တဆမှုကို ဘောနီအမြန်လမ်းမီးသတ်စခန်းမှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။
ယာဥ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားကို မေတ္တာကမ်းလက်ပရဟိတအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။