

၅. ၁၂. ၂၀၂၄
Written by Nay Moe
မနေ့ကမနက်ခင်းအချိန် ခင်ဦးမြို့ပေါ်မှာ မိခင်နဲ့ ကလေး ကာကွယ် ဆေးထိုးပေးဖို့ လုံခြုံရေးယူ ဆော်ဩပေးနေတဲ့ တပ်မတော်ကားကို ခင်ဦး PDF တွေက အလစ်မှာဝိုင်းပြီး ပစ်ခတ်ပေမဲ့ PDF တွေပဲ တစ်ဦးသေပြီး ငါးဦးက ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
ဖြစ်စဥ်က စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ် မနေ့က မနက်ခင်း ၈ နာရီခွဲ၊ ၉ နာရီဝန်းကျင်မှာ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး အနီး သံပြားကာ ကားတစ်စီးနဲ့ ထွက်လာတဲ့ တပ်မတော်ယာဥ်တစ်စီးကို ခင်ဦးမြို့ပေါ်က UG တွေနဲ့ ပူးပေါင်း PDF တွေက ချောင်းမြောင်းပစ်ခတ်ရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဒီလို ပစ်ခတ်မှု ဖြစ်နေစဉ်အတောအတွင်း တပ်မတော်ဘက်က ၆၀ မမ လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်လိုက်မှုကြောင့် PDG တွေ စုရပ်နေရာအနီးဆုံး ပေါက်ကွဲခဲ့လို့ PDF တပ်သား နွေဦးသေဆုံးခဲ့သလို မြို့ပေါ် UG နဲ့ ပူးပေါင်းPDF ၅ ဦးလည်း လက်နက်ကြီး အစထိမှန်ပြီး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ကြလို့ ဆေးကုသမှုခံယူနေရပါတယ်။ သေဆုံးသွားတဲ့ နွေဦး အလောင်းကိုလည်း မနေ့က နေ့လယ် ၃ နာရီခွဲအချိန် မီးရှို့လိုက်တယ်လို့ သိရပါတယ်။
ခင်ဦး PDF တွေရဲ့ ချောင်းမြောင်းပစ်ခတ်မှုအပြီးမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူ့ဆေးရုံကြီးမှာ နိုင်ငံ့ဝန်ထမ်း ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး မြို့ပေါ်က ကလေးမိခင်တွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေး မဖြစ်မနေ လာရောက် ထိုးနှံကြဖို့ လုပ်ဆောင်နေပြီး ဒီလို လုပ်ဆောင်မှုကိုတော့ ချောင်းပစ်တဲ့ ခင်ဦး PDF တွေက အတင်းအကြပ်လုပ်ဆောင်နေတာလို့ စွပ်စွဲထားပါတယ်။
ပုံစာ။ သေဆုံးသွားသော PDF နွေဦးအလောင်း မီးရှို့နေစဥ် (ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)