၅.၁၂. ၂၀၂၄
Written by Shwe Phyo
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် တင်းမာမှုများကို ရှောင်ရှားရန်၊ ငြိမ်းချမ်းစွာဆွေးနွေးမှုမှတစ်ဆင့် မတူကွဲပြားမှုများကို ဖြေရှင်းရန်၊ တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော (MNDAA) အဖွဲ့က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
၎င်းက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေ စီစဉ်ဆောင်ရွက်ပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကတိပြုထားပါတယ်။ အထူးသဖြင့် MNDAA အဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ တရုတ်နယ်စပ်ဒေသတစ်လျှောက် ဧရိယာတွေကို ဘေးကင်းလုံခြုံရေး မထိခိုက်အောင်၊ အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်တယ်။ တရုတ်နိုင်ငံသားတွေဟာ နယ်စပ်ဒေသတစ်လျှောက်ဧရိယာတွေမှာ နေထိုင်နေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ၊ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်စီမံကိန်းတွေရှိနေတယ်” ဟု ပြောသည်။
REf cgtn