၄ . ၁၂ . ၂၀၂၄
Wtitten by MMAK
◾ မန်စီးတီး Vs နော်တင်ဟန်ဖောရက်
နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ သရေရခဲ့ပြီး ခြောက်ပွဲထိရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာတို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဖောရက်အသင်းက ကစားရခက်တဲ့ အသင်းတစ်သင်း ဖြစ်တဲ့အပြင် ဒီဇင်ဘာလမှာ ပွဲစဥ်တွေကို ဆက်တိုက်ကစားရမဲ့ အခြေအနေတွေကြောင့် အသင်းကြီးတွေ အနေနဲ့ ပွဲကျပ်ကာလကို ရောက်ရှိနေပြီး မန်စီးတီးအသင်းအတွက် ပိုလို့တောင် ခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးပေးထားပြီးတော့ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ မန်စီးတီးအသင်းကသာ အခုလို ရလဒ်တွေ ဆိုးနေချိန်မဟုတ်ဘဲ ပုံမှန်ရလဒ်တွေသာ ဖြစ်နေခဲ့ရင် ဒီပွဲကို အောက်အသင်း ဖောရက်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်း မနိုင်လို့မရတော့ဘူးဆိုတဲ့ အခြေအနေဖြစ်နေသလို အိမ်ကွင်းပွဲမှာ အမှန်အကန်ဖိကစားရင် ဖောရက်အသင်းကို နှစ်ဂိုးမပြတ်စရာ အကြောင်းမရှိပါဘူး။ ကွင်းလယ်မှာ ဒီဘရိုင်း ၊ ဘာနာဒိုဆေးဗားလ်၊ ဖိုဒန်တို့အတွဲကို ပွဲထုတ်လာပြီး တိုက်စစ်မှူးဟာလန်းနဲ့ဆိုရင် မန်စီးတီးအသင်း နှစ်ဂိုးပြတ်နိုင်အောင် ကန်နိုင်ပါတယ်။ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလာမဲ့ မန်စီးတီးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾နယူးကာဆယ် Vs လီဗာပူး
နယူးကာဆယ်အသင်းရဲ့ ခြေစွမ်းက အတက်အကျ မမှန်တဲ့အပြင် တိုက်စစ်မှူးအီဆတ်လည်း ပါဝင်နိုင်ဖို့ မသေချာပါဘူး။ လီဗာပူးအသင်းရဲ့ ခြေစွမ်းက အကောင်းဆုံး အနေအထားတစ်ခုကို ရောက်ရှိနေပြီး ရလဒ်တွေက တော်တော်လေးကောင်းလွန်းနေပါတယ်။ ဒီပွဲမှာ အဝေးကွင်းလီဗာပူးအသင်းက တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ လီဗာပူးအသင်းရဲ့ လက်ရှိခြေစွမ်းကြောင့် ဘော်ဒီပေါက်ကြေးကြီးက နေချင်စရာ အရမ်းကောင်းနေပါတယ်။ နောက်တစ်ချက်က လီဗာပူးအသင်းက သူ့အောက်က အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းကို ကိုးမှတ်ထိ ဖြတ်ထားသလို မန်စီးတီးအသင်းကို ဆယ့်နှစ်မှတ်ထိ ပြတ်နေတာကြောင့် တအားကြီး အမှတ်ပြတ်နေသလို ဖြစ်နေလို့ အခုအဝေးကွင်းပွဲမှာ သရေကျသွားလို့ရပါတယ်။ နယူးကာဆယ်အသင်းကလည်း အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်း ဖြစ်တာကြောင့် ဒီပွဲမှာ သရေကျသွားနိုင်တယ်လို့ ယူဆထားပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက ပျော့နေသလို ကြေးအောင်လွန်းနေတဲ့အတွက်လည်း ကြေးပြန်ကျချိန်ရောက်ပါပြီ။ အမှတ်ကွာဟချက်လည်း ကြီးမားနေတာကြောင့် ဒီပွဲမှာ သရေကျသွားနိုင်တဲ့အတွက် အောက်အသင်း နယူးကာဆယ်ကို ရွေးချယ်ကစားစေချင်ပါတယ်။
◾ဆောက်သမ်ပ်တန် Vs ချဲလ်ဆီး
ချဲလ်ဆီးအသင်းရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ရလဒ်ကောင်းနေတာ တွေ့ရပါတယ်။ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းက အားထည့်ကစားနေတာ တွေ့ရပေမဲ့ ရလဒ်တွေတော့ သိပ်မကောင်းသေးပါဘူး။ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံး ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမားတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အဓိက ကစားသမားတွေကို ပွဲချိန်ပြည့်အသုံးပြု ကစားလာမှာ မဟုတ်ပါဘူး။ နောက်သုံးရက်နေရင် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာ ဖြစ်တဲ့အတွက် ဆောက်သမ်ပ်တန်အသင်းကို အသာအယာ ထိန်းကစားပြီး နှစ်ဂိုးလောက်ရသွားရင် အဓိက ကစားသမားတွေ ဖြစ်တဲ့ ကိုးလ်ပါးမား ၊ ကိုင်စီဒို ၊ ဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး ဂျက်ဆန်တို့ကို အနားပေးလိုက်တာမျိုး ကစားသမားတွေကို အလှည့်ကျပွဲထုတ်လာတာမျိုး တွေ့ရနိုင်ပါတယ်။ ဒီပွဲမှာ အထက်ကြေးနှစ်ခု ဖြစ်တဲ့ ချဲလ်ဆီးဘော်ဒီနဲ့ ဂိုးပေါ်က စုံအောင်နိုင်စရာ အကြောင်းမရှိဘဲ တစ်ခုခုကျသွားနိုင်သလို နှစ်ခုလုံးတောင် ကြေးကျသွားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက တစ်ဂိုးအသာနဲ့ ကပ်နိုင်လို့ရတဲ့ အခြေအနေကြောင့် ဒီပွဲကို စုံအောက်ကစားစေချင်ပြီး အထက်ကြေးနှစ်ခုလုံး အောင်နိုင်စရာ အကြောင်းမရှိပါဘူး။ တင်ကစားမယ်ဆိုရင်တော့ ဂိုးအောက်ကို တင်ကစားဖို့ အကြံပေးချင်ပါတယ်။
◾အာဆင်နယ် Vs မန်ယူ
မန်ယူအသင်းက ပြီးခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို လေးဂိုးပြတ်အနိုင်ရလိုက်တာကြောင့် မန်ယူအသင်းရဲ့ ခြေစွမ်းက တကယ်ကောင်းလာပြီလားဆိုတာကို အခုပွဲမှာ အာဆင်နယ်အသင်းက စာမေးပွဲစစ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အစား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက ကြေးပြင်းတယ်လို့ပြောလို့ရပြီး အိမ်ရှင်အာဆင်နယ်အသင်း အနိမ့်ဆုံး တစ်ဂိုးလောက်နဲ့ နိုင်မယ်လို့ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နောက်တစ်ချက်က အာဆင်နယ်အသင်းရဲ့ ဘော်ဒီပေါက်ကြေးက တစ်လုံးငါးဆယ်အရှုံးဆိုတဲ့ အနေအထားမှာ မန်ယူဘော်ဒီကို ထိုးသားတွေ သေချာပေါက်ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ တစ်လုံးနဲ့ ရှုံးရင်တောင် ပြားငါးဆယ်အနိုင်ရဦးမဲ့ မန်ယူဘော်ဒီကို ရွေးချယ်နေကြတာ တွေ့ရပါတယ်။ ဒီအတွက်ကြောင့် အာဆင်နယ်အသင်းအနေနဲ့ နှစ်ဂိုးပြတ်အောင်ကန်နိုင်မှ ကြေးစားရမှာကို ဘွတ်ကီတွေက ဒီကြေးပေးထားပုံရရင် အာဆင်နယ်အသင်း နှစ်ဂိုး အနိမ့်ဆုံးရမယ်လို့ ပြောလိုက်တာနဲ့ အတူတူပါဘဲ။ ဒါဆိုရင် တိုက်စစ်အသားပေး ကစားတတ်သလို ရက်ဖို့ ၊ ဖာနန်ဒက် ၊ ဒီယာလိုနဲ့ ဂါနာချိုတို့ရဲ့ မန်ယူတိုက်စစ်ကရော တစ်ဂိုးလောက် ရနိုင်စရာ အကြောင်းမရှိဘူးလားဆိုရင် ရနိုင်စရာ ရှိပါတယ်။ မန်ယူဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ကစားမယ်ဆိုရင် မန်ယူအသင်း တစ်ဂိုးသွင်းလိုက်တာနဲ့ ဒီပွဲက အရှုံးမရှိတော့ပါဘူး။ သို့ပေမဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီပေါက်ကြေးကြောင့် ဂိုးပေါ်ကို ပိုကစားသင့်တယ်လို့ ထင်ပါတယ် ။ ဒီပွဲမှာ ဂိုးပေါ်ကို ပိုအကြိုက်တွေ့ပြီး မန်ယူဘော်ဒီကို ရံကစားသင့်ပါတယ်။
◾အဲဗာတန် Vs ဝုဗ်
အဲဗာတန်အသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲမရထားသလို တိုက်စစ်ကလည်း တစ်ဂိုးသာ သွင်းထားနိုင်တဲ့အတွက် အဲဗာတန်အသင်းရဲ့ ခြေစွမ်းက ယုံကြည်ချင်စရာ လုံးဝမကောင်းပါဘူး။ ဝုဗ်အသင်းရဲ့ တိုက်စစ်က ဂိုးသွင်းအားကောင်းတယ်ဆိုပေမဲ့ ခံစစ်ကလည်း သုံးဆယ့်နှစ်ဂိုးပေးထားပြီး အညံ့ဆုံး ဖြစ်နေပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပွဲကို လူတိုင်းတွေးကြမဲ့အတွေးက သရေကျသွားပြီး သရေကျရင် ပြားငါးဆယ်အနိုင်ရမယ်ဆိုတဲ့ အောက်ကြေးဝုဗ်ဘော်ဒီကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ပထမတော့ အဲဒီလိုတွေးမိတာ ဖြစ်ပေမဲ့ အဲဗာတန်က နောက်ဆုံးငါးပွဲမှာ တစ်ဂိုးဘဲ ရထားတာကို ဒီပွဲမှာ ပြားငါးဆယ်အရှုံးလောက်ထိ ပေးထားတာကြောင့် ဘွတ်ကီတွေက ဝုဗ်ကို ရွေးချယ်လိုက် သရေကျရင် ပြားငါးဆယ်အနိုင်ရမယ်လို့ ပြောနေသလို ဖြစ်ပါတယ်။ ဝုဗ်အသင်းက ဂိုးရအောင်လိုက်သွင်းနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရပေမဲ့ ဝုဗ်အသင်းက ခံစစ်အညံ့ဆုံး ပေးဂိုးအများဆုံး ဖြစ်နေတဲ့ အတွက်ကြောင့် အဲဗာတန်အသင်း သေချာပေါက် နှစ်ဂိုးလောက်ထိ သွင်းပြလိမ့်မယ်လို့ ထင်ပါတယ်။ အရေးကြီးဆုံးအချက်က အဲဗာတန်အသင်းက ဒီပွဲပြီးရင် လီဗာပူးအသင်းနဲ့ ဒါဘီပွဲကစားရမဲ့အပြင် အာဆင်နယ် ၊ ချဲလ်ဆီး၊ မန်စီးတီးအသင်းတို့လို့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမယ်ဆိုတဲ့ အနေအထားကြောင့် ဒီပွဲကို အဲဗာတန်အသင်း သေချာရုန်းကစားပြီး နိုင်ပွဲရသွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် အဲဗာတန်ဘော်ဒီကို ရွေးချယ်ကစား စေချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs ဘရန့်ဖို့
ဗီလာအသင်းက ပွဲဆက်များနေတဲ့အပြင် ဘယ်ပွဲလာလာ အဓိက ကစားသမား ဆယ့်တစ်ယောက်ကို ထည့်သွင်းကစားနေရတာကြောင့် ကစားသမားတွေ ပွဲပန်းနေတာကို တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းကတော့ အိမ်ကွင်းအကောင်းဆုံး ဖြစ်နေပေမဲ့ ဆောက်သမ်တန်အသင်းနဲ့အတူ အဝေးကွင်းအညံ့ဆုံးအသင်း ဖြစ်နေပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံး ရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဗီလာအသင်းကြေးအောင်ချိန် တန်နေပြီ ဖြစ်ပေမဲ့ တစ်လုံးရှစ်ဆယ်စား ဆိုတဲ့ ပေါက်ကြေးက ရွေးချယ်ဖို့ရာ ခက်နေပါတယ် ။ ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ အနေအထားမှာ တိုက်စစ်ကောင်းတဲ့ ဘရန့်ဖို့အသင်း ဂိုးရမယ်ဆိုတဲ့ အခြေအနေတစ်ခုကို တွေ့နေရတာကြောင့် ဒီပွဲက တစ်ဖက်တစ်ဂိုးစီလောက်ရဖို့ သေချာနေပါတယ်။ ဒီပွဲမှာ ဗီလာအသင်း ကြိုးစားကစားလို့ ကြေးအောင်မယ်ဆိုရင်တောင် အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြေးအောင်မယ်လို့ ထင်ပါတယ်။ နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရတာမျိုး ဒါမှမဟုတ်ရင် သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရတာမျိုး ဖြစ်သွားနိုင်ပြီး ဗီလာအသင်း ကြေးမအောင်ဘူးဆို နှစ်ဂိုးစီနဲ့ သရေကျသွားပါလိမ့်မယ်။ သေချာတာ တစ်ခုက ဒီပွဲက အနိမ့်ဆုံး သုံးဂိုးလောက် မြင်ရဖို့ရှိတယ်ဆိုတဲ့ အချက်ပါဘဲ ။ ဒီပွဲမှာတော့ ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ကစားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။