၄.၁၂.၂၀၂၄
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စွယ်တော်လမ်း၊ ရွှေခြူး ဂွမ်းဖတ်စက်ရုံတွင် ဒီဇင်ဘာ ၂ ရက် နံနက် ၁ နာရီကျော်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ဂွမ်းဖတ်ကြိတ်စက် လည်ပတ်စဥ် ကျောက်ခဲညပ်၍ မီးပွင့်ရာမှ မီးလောင်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ၁ ထပ် ဂိုဒေါင် ၁ လုံး၊ ဂွမ်းဖတ်စက် ၃ လုံး၊ အဝတ်ဖြတ်စများ မီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးလောင်မှုက အချိန်တစ်နာရီကျော်လောက် ကြာသွားပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိဘူး”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၆ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်၊ လူမှုကူညီရေးအသင်းမှ အသင်းဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဂွမ်းဖတ်စက်ရုံ မီးလောင်မှုနှင့်ပတ်သက်၍ ဦးမြင့်သောင်းဆိုသူကို မုံရွာမြို့ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။