၃.၁၂.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ မူယန်မြို့နယ်၊ ဘန့်ကောင်ကျေးရွာအနီးတွင် အထောက်အ ထားမဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ကျည်ဆံ ၂၇၅၀ နှင့်အတူ ဖမ်းဆီးထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ၂ ရက် ည ၇ နာရီအချိန်ခန့်က ကန်ချနဘူရီရဲတပ်ဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက မူယန်မြို့နယ်၊ ဘန့်ကောင်ကျေးရွာအနီးရှိ ဘန့်ကောင်-ဟွေ့နမ်းခေါင် လမ်းမပေါ်သို့ နယ်မြေလုံခြုံ ရေး ကင်းလှည့်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ လူ ၉ ဦးကို တွေ့ရှိ၍ ကန်ချနပူရီရဲစခန်း တာဝန်ရှိသူများက ခေါ် ယူစစ်ဆေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယင်း မြန်မာနိုင်ငံသား ၉ ဦး ငှားရမ်းနေထိုင်သည့် ကန်ချဘူရီခရိုင်၊ မူယန်မြို့နယ်၊ အမှတ် (၁၅)၊ ဘန့်ကောင်ကျေးရွာရှိ နေအိမ်သို့ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ စက္ကူဂျပ်ဖာ ၄ လုံးဖြင့် ထည့်ထားသော ကျည်အတောင့် ၂၀၀၀ နှင့် ကျည်ဆံ ၇၅၀ ပါ ဂျပ်ဖာများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့အထဲမှ Daeng ဆိုသူ တစ်ဦးကို တရားမဝင် လက်နက်ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ကျန် ၈ ဦးကိုလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။