၃. ၁၂. ၂၀၂၄
Written by Nay Moe
NUG လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ခွဲတစ်ခုဖြစ်ပြီး ရေးမြို့နယ်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေးဘီလူး PDF အဖွဲ့က အဖွဲ့ခေါင်းဆောင် ရေးဘီလူးကိုယ်တိုင် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ဓားနှင့်ခုတ်ပြီး လည်ပင်းဖြတ်နေတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။
ဒီရုပ်သံမှာ ရေးဘီလူးဟာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို တုံးပေါ်တင်ရင်း လည်ပင်းကို ဓားရှည်နဲ့ ဆဲဆိုခုတ်ဖြတ်နေသလို “ငါမိဘတွေ အခုအချိန်အထိ ပြေးနေရတာ”၊ “မင်းတို့ကို ကမ္ဘာအဆုံးထိပဲ”လို့ စသလို တောင်စဥ်ရေမရ ရေရွတ်ခုတ်ဖြတ်နေတာ မြင်ရပါတယ်။
ဒါ့အပြင် ရေးဘီလူးရဲ့ တပည့်တွေကလည်း ရေးဘီလူး လည်ပင်းခုတ်ဖြတ်သတ်လိုက်သူကို လက်တွေ၊ ခြေတွေ ထပ်ခုတ်ဖြတ်တဲ့အပြင် ရင်ကိုခွဲပြီး ကလီစာတွေ ထုတ်ယူပြသနေတာလည်း တွေ့မြင်ရပါတယ်။
လက်နက်မဲ့သူတစ်ဦးကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်တဲ့ NUG လက်အောက်ခံ ရေးဘီလူးရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပေမဲ့ လတ်တလောမှာတော့ သတ်ဖြတ်ခံရသူကို MT News က အတည်မပြုနိုင်သေးဘဲ ရပ်ကျေးတာဝန်ရှိသူတစ်ဦးသာဖြစ်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။
ရေးဘီလူးအဖွဲ့ဟာ NUG ရဲ့ အထူးစစ်ဆင်ရေးတပ်ခွဲအဖြစ် ၂၀၂၃ ဒီဇင်ဘာမှာ ပူးပေါင်းခဲ့တာဖြစ်ပြီး လက်နက်မဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်လုယက်နေတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
◾ Telegram တွင် ဖတ်ရှုရန်