MT News
၂.၁၂.၂၀၂၄
ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ လွတ်လပ်စွာနေထိုင်ခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ်ထရာနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး အနုထင် ချန်ဝီလကွန်တို့ က အထက်ပါအတိုင်းလက်မှတ်ရေးထိုးအမိန့် ထုတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအားလုံး အကျုံးဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ, PV, CI, စသည့်စာအုပ်များ ကိုင်ဆောင်ထားသော်လည်း စာအုပ်သက် တမ်းကုန်ဆုံးနေကြသူများလည်း ရှိကြောင်း၊ ယင်းသို့ သက်တမ်းကုန်နေသော သူများ၊ တရားမဝင် အထောက် အထားလုံးဝမရှိသူများ အားလုံး အဆိုပါထုတ်ပြန်ချက်အတိုင်း ခံစားခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အလုပ်လုပ်နေသူများ၏ ကိုယ်ရေးအချက်အလက်များကို အလုပ်ရှင်က စာရင်းဇယားပြုစုကာ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားထားရမည်ဖြစ်ကြောင်း သိရသည်။