၁. ၁၂. ၂၀၂၄
Wtitten by MMAK
◾ချဲလ်ဆီး Vs အက်စတွန်ဗီလာ
နှစ်သင်းလုံးက ကြားရက်မှာ ဥရောပပွဲစဥ်တွေ ကစားခဲ့ရတယ် ဆိုပေမဲ့ ဗီလာအသင်းက ကစားသမားအင်အားနည်းပါးတဲ့အတွက် ပထမပွဲထွက်ကစားသမားတွေကို အသုံးပြုခဲ့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားသမားအင်အားက နှစ်သင်းစာ ရှိတဲ့အတွက် ကစားသမားတွေကို အလှည့်ကျအသုံးပြုလို့ရတာကြောင့် ပွဲပန်းမှုတွေ မရှိပါဘူး။ နောက်ပိုင်းပွဲစဥ်တွေမှာ ဗီလာအသင်းရဲ့ခြေစွမ်း ကျရိပ်ပြလာတာဟာ ပွဲဆက်များနေတဲ့ ကစားသမားတွေ ပွဲပန်းမှုရှိနေလို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ မာရက်စကာရဲ့ ချဲလ်ဆီးအသင်းက တည်ငြိမ်တဲ့ ကစားကွက်ကို ဖော်ဆောင်ထားနိုင်တာကြောင့် ရလဒ်တွေပိုကောင်းနေချိန်မှာ ဗီလာအသင်းက အကျဘက်ကို ဦးတည်လာနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာတော့ ဗီလာအသင်းကို အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ယူနိုင်စွမ်းရှိတာကြောင့် ချဲလ်ဆီးအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾မန်ယူ Vs အဲဗာတန်
နည်းပြအသစ်က အထိုင်မကျသေးတာကြောင့် မန်ယူအသင်းအတွက် အချိန်ပေးဖို့ လိုအပ်နေပါသေးတယ်။ မန်ယူအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ အပေါ်စုံအောင်ဖို့ မဖြစ်နိုင်ဘဲ အောက်တစ်ခုခု စားနိုင်ဖို့ ရှိပါတယ်။ အဲဗာတန်အသင်းရဲ့ ခြေစွမ်းက အရမ်းကောင်းနေတာမျိုး မဟုတ်ပေမဲ့ နောက်ဆုံးခြောက်ပွဲဆက် ဂိုးအောက်ကစားထားတာကြောင့် ခံစစ်ကောင်းတယ်ဆိုတာ တွေ့ရမှာပါ။ မန်ယူအသင်းကလည်း ခြေစွမ်းမတည်ငြိမ်သေးတာကြောင့် ဂိုးတွေအများကြီး သွင်းနိုင်ဖို့ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ မန်ယူအသင်းရဲ့ ဘော်ဒီကြေးတောင် မအောင်နိုင်တဲ့ ပေါက်ကြေးမျိုးတွေ့ရပေမဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် မန်ယူအသင်း ကပ်နိုင်သွားပြီး ဂိုးတွေတော့ အများကြီး မြင်ရမယ် မထင်ပါဘူး။ ဒီပေါက်ကြေးမှာ အောက်တစ်ကွက် ရွေးချယ်မှုအဖြစ် ဂိုးအောက်ကို ကြိုက်ပါတယ်။ မန်ယူအသင်းကပ်နိုင်သွားပြီး ဂိုးပေါင်းမအောင်ဘူးဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်သလို အလွန်ဆုံး ရခဲ့ရင်တောင် သုံးဂိုးလောက်ပဲလို့ ထင်ပါတယ်။ လေးဂိုးရောက်ဖို့ ဖြစ်နိုင်ချေနည်းလွန်းတာကြောင့် ပြားငါးဆယ်ရင်းပြီး ဂိုးအောက်နေသင့်ပါတယ်။
◾စပါးVs ဖူဟမ်
ဒီပွဲက လန်ဒန်ဒါဘီပွဲ ဖြစ်တာကြောင့် အကြိတ်အနယ်ယှဥ်ပြိုင်ကစားဦးမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်း တိုက်စစ်က အရမ်းကောင်းတယ်လို့ ပြောလို့ရပြီး ဂိုးသွင်းအား အရမ်းကောင်းပါတယ်။ ဖူဟမ်အသင််းကတော့ တစ်ပွဲနိုင်လိုက် တစ်ပွဲရှုံးလိုက်နဲ့ ခြေမမှန်ဘူးဆိုတာ တွေ့ရပါတယ်။ စပါးအသင်းက အိမ်ကွင်းပိုကောင်းတာ ဖြစ်တဲ့အတွက် စပါးအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ဆိုတဲ့ ပေါက်ကြေးက ပျော့တယ်ထင်ရပေမဲ့ ဒီလောက်ဘဲ ပေးသင့်တယ်လို့ ထင်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်သလို ဖူဟမ်အသင်းရဲ့ ခြေစွမ်းကလည်း အရမ်းညံ့မနေတာကြောင့် ဒီဘော်ဒီကြေးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးလို့ မြင်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးအရှုံးကတော့ ကြေးပြင်းတယ်လို့ ပြောလို့ရပေမဲ့ လေးဂိုးလောက်သွင်းမှ ဂိုးပေါ်မယ်ဆိုရင် စပါးအသင်းရဲ့ သွင်းဂိုးတွေကို အဓိကလိုအပ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်စပါးဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပြီး ဂိုးပေါင်းအပေါ်ကို အနည်းငယ် ကာကစားစေချင်ပါတယ်။
◾လီဗာပူး Vs မန်စီးတီး
Super Sunday ညရဲ့ Big Match ပွဲစဥ်ဖြစ်ပြီး ခြောက်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ ခုနစ်ပွဲဆက် နိုင်ပွဲရထားပြီး ခြေစွမ်းအရမ်းကောင်းနေတဲ့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲမှာ လီဗာပူးအသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပြီး တကယ်တော့ သရေအရှုံးလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ ဂိုးပေါင်းကြေးမှာတော့ အနည်းငယ်ပြင်းရှနေပါတယ်။ ခံစစ်အကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူးအသင်းကို ဂိုးပေါင်းကြေး ပြင်းရှနေတဲ့ ပေါက်ကြေးမှာ မန်စီးတီးအသင်း ဂိုးရနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ပေါက်ကြေးအရ သရေကျသွားနိုင်တယ်ဆိုပေမဲ့ လက်ရှိခြေစွမ်းအရဆိုရင်တော့ လီဗာပူးအသင်းကိုပဲ ရွေးချယ်ရမှာပါ။ လီဗာပူးကွင်းလယ်က ပိုကောင်းနေသလို တောင်ပံက ဆာလက်နဲ့ လူးဝစ်ဒိုင်ယက်တို့ရဲ့ တိုးအားကိုလည်း မန်စီးတီးနောက်တန်းတွေ အသည်းအ သန် တားဆီးရနိုင်ပါတယ်။ ဒီပွဲမှာတော့ ပေါက်ကြေးကို မကြည့်တော့ဘဲ လက်ရှိခြေစွမ်းအရ လီဗာပူး ဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ရီးရဲမက်ဒရစ် Vs ဂီတာဖေး
မနေ့ညက ဘာစီလိုနာအသင်း ရှုံးပွဲတွေ့ခဲ့တာကြောင့် အမှတ်လိုက်ကပ်ဖို့အတွက် ရီးရဲအသင်း နိုင်ပွဲရအောင်ကြိုးစားလာမှာ သေချာပါတယ်။ သို့ပေမဲ့ ရီးရဲအသင်းမှာ ဒဏ်ရာရကစားသမားတွေ တော်တော်လေးများနေတာကိုတော့ တွေ့ရပါတယ်။ ဂီတာဖေးအသင်းက အဝေးကွင်းညံ့တဲ့အသင်း ဖြစ်သလို ရီးရဲကွင်းမှာတော့ ခံစစ်ကိုအားပြု ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ ရီးရဲအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ရီးရဲအသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာမှန်ပေမဲ့ အမ်ဘာပေ၊ ဘယ်လင်ဂမ်၊ ဗယ်ဘာဒီ နဲ့ ဂူလာတို့လို့ ကစားသမားတွေ ရှိနေတဲ့အပြင် အိမ်ကွင်း ဖြစ်နေတာကြောင့် အနိုင်ရအောင် ကန်နိုင်ပါသေးတယ်။ ဘာစီလိုနာအသင်း ရှုံးနိမ့်ထားချိန်မှာ အမှတ်ရအောင်ယူထားမဲ့ ရီးရဲအသင်း နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ရီးရဲဘော်ဒီကိုမှ ရွေးချယ်ရမယ်ဆိုရင် နောက်တစ်ဂိုးရတာနဲ့ ဂိုးပေါ်မှာ ဖြစ်တဲ့အတွက် ဂိုးပေါ်ကိုပါ ရွေးသင့်တယ်လို့ ယူဆထားလို့ ရီးရဲဘော်ဒီနဲ့ ဂိုးပေါ် နှစ်မျိုးလုံးကို ရွေးချယ်ပေးချင်ပါတယ်။
◾ဟိုက်ဒမ်ဟိမ်း Vs ဖရန့်ဖတ်
ဖရန့်ဖတ်အသင်းက ဒီရာသီမှာ တော်တော်လေး ခြေစွမ်းကောင်းနေပြီး နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရထားပါတယ်။ ဟိုက်ဒမ်ဟိမ်းအသင်းကတော့ ခြေစွမ်းအရမ်းညံ့နေပြီး နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲတောင် ရှုံးထားပါတယ်။ ဒီလိုအခြေအနေမှာ ဖရန့်ဖတ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက အရမ်းပျော့လွန်းနေပါတယ်။ ဖရန့်ဖတ်အသင်းအနေနဲ့ အနိမ့်ဆုံး တစ်လုံးငါးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ ဒီပေါက်ကြေးက ဖရန့်ဖတ်အသင်းကို ခေါ်နေသလို ဖြစ်နေပါတယ်။ ထိုးသားအများစု ဖရန့်ဖတ်အသင်းကို ရွေးချယ်ကြမယ်ဆိုတာ သိလျက်နဲ့ တစ်လုံးရှစ်ဆယ်စား ပေးထားတဲ့ ပေါက်ကြေးမှာ ဖရန့်ဖတ်အသင်း ကြေးမအောင်နိုင်ဘူးလို့ ယူဆထားပါတယ်။ ဒီညမှာ အထက်ကြေးတွေ နေလို့ကောင်းနေတာကြောင့် အောက်ကြေးတွေကို ပိုကြိုက်နေပါတယ်။ ဒီပွဲမှာတော့ အောက်ကြေး ရွေးချယ်မှု ဖြစ်သလို ပေါက်ကြေးကို မကြိုက်တဲ့အတွက် အိမ်ရှင်ဟိုက်ဒမ်ဟိမ်းအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။