၁.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရာလပြည်နယ်အတွင်း ဘီတုန်ခရိုင် စည်ပင်သာယာရေးရုံး၏ ကားရပ်နားရန်နေရာ၌ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုနေရာရှိ ကားအများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မြေပြိုမှုက ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သော ရက်များအတွင်း မနားတမ်း မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရခြင်းဟုလည်း သိရသည်။
မြေပြိုမှုကြောင့် စည်ပင်သာယာရုံး၏ ကားရပ်နားရန်နေရာမှာ အောက်ခံမြေများကွဲထွက်၍ လုံးဝပျက်စီးသွားခဲ့ပြီး ထိုနေရာတွင်ရပ်နားထားသော စည်ပင်ရုံး၏ ရုံးကားခုနစ်စီးမှာလည်း ပျက်စီးခဲ့ရသည်။
သို့သော် ရုံးပိတ်ရက်ဖြစ်နေသောကြောင့် မြေပြိုမှုတွင် ထိခိုက်ဒဏ်ရာရသူတစ်စုံတစ်ဦးမှ မရှိခဲ့ကြောင်း သိရသည်။ စည်ပင်ရုံးအကြီးအကဲက ရုံးမှာလည်းပြိုကျကောင်းပြိုကျနိုင်သည့်အန္တရာယ် ရှိနေ၍ မရှိမဖြစ် လိုအပ်သော အရေးကြီးကိရိယာပစ္စည်းများကို ပြောင်းရွှေ့မှုပြုကြရန် အမိန့်ပေးထားကြောင်း သိရသည်။
Ref- Bangkok Post