၁. ၁၂. ၂၀၂၄
Written by Nay Moe
ဟိုင်ဂန်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA လက်နက်ကိုင်တွေက ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ တိုက်ခိုက်သိမ်းယူထားသလို လက်ရှိမှာလည်း စစ်ရေးတင်းမာမှုကမ်းလှမ်းထားပေမဲ့ လုယက်သိမ်းယူထားရာနေက မဆုတ်ခွာဘဲ ခုခံစစ်ပြင်နေတဲ့ ကျောက်မဲမြို့လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူ ၁၀ ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာရခဲ့သလို နေအိမ် ၂၅ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ခုခံစစ်ပြင်ပြီး ကျောက်မဲမြို့ကို မစွန့်ခွာဘဲ ပြည်သူကို လူသားဒိုင်းအကာအကွယ်ယူနေတဲ့ TNLA တွေ တည်ရှိတယ်လို့ သတင်းရရှိရာ အင်ကြင်းတောင်ရပ်ကွက်ကို နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲ အချိန်မှာ လေကြောင်းကနေ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ (၁၀) ဦးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို ရှင်းလင်း နေရတယ် ပြောပါတယ်။
ဟိုင်ဂန်သဘောတူညီချက်ချိုးဖောက်ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လုပ်ခဲ့တဲ့ TNLA နဲ့ MNDAA တို့ဟာ ငြိမ်းချမ်းရေးလိုလားတဲ့အကြောင်း ရှင်းလင်းပြတ်သားတဲ့လုပ်ဆောင်ချက်တွေ ပြသမှ ဆွေးနွေးမယ်လို့ SAC ဥက္ကဋ္ဌက ပြောထားသလို TNLA ကလည်း စစ်ရေးတင်းမာမှုတွေ ဆွေးနွေးပါမယ်လို့ စာထုတ်ထားပေမဲ့ ဒီစာက တရုတ်နိုင်ငံအလိုကျ ဟန်ပြသာထုတ်ပြီး ငြိမ်းချမ်းရေးလေသံပါမလာတဲ့အပြင် ခုခံစစ်ပြင်မယ်လို့ သတိပေးသံပါနေတယ်လို့ ဝေဖန်မှုတွေအပြီးမှာ ကျောက်မဲဟာ ပထမဆုံး လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။