၃၀ .၁၁ .၂၀၂၄
Wtitten by MMAK
◾ဘရန့်ဖို့ Vs လက်စတာ
ပရီးမီးယားလိဂ်မှာ အိမ်ကွင်းအကောင်းဆုံး အသင်းက ဘရန့်ဖို့အသင်းဖြစ်ပြီး အသင်းကြီးတွေထက်ကို ရလဒ်ပိုကောင်းအောင်နေတာ တွေ့ရသလို အိမ်ကွင်းတိုက်စစ်ကလည်း ဂိုးမြူးတတ်ပါတယ်။ ရလဒ်တွေဆိုးရွားနေတဲ့ လက်စတာအသင်းက နည်းပြ စတိဗ်ကူးပါးကို ထုတ်ပယ်ခဲ့ပြီး မန်ယူကစားသမားဟောင်း နစ္စတယ်ရွိုင်းကို နည်းပြအသစ်အဖြစ် ခန့်အပ်ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ မန်ယူအသင်းကို အမ်မိုရင်မရောက်ခင်တုန်းက လက်ထောက်နည်းပြ နစ္စတယ်ရွိုင်း ကိုင်တွယ်နေချိန်မှာ နစ္စတယ်ရွိုင်းက တိုက်စစ်အသားပေးတဲ့ နည်းပြမျိုး ဖြစ်တယ်ဆိုတာ တွေ့ရသလို ကစားသမားဘဝတုန်းကလည်း တိုက်စစ်နေရာ ကစားခဲ့သူ ဖြစ်တာကြောင့် တိုက်စစ်အသားပေး အသင်းကို တည်ဆောက်နိုင်တယ်လို့ ထင်ပါတယ်။ နည်းပြအသစ်နဲ့ လက်စတာအသင်း ဒီပွဲမှာ ဂိုးရမယ်လို့ ယူဆထားသလို အိမ်ရှင် ဘရန့်ဖို့အသင်းကလည်း သေချာပေါက် ဂိုးရနိုင်တဲ့ အတွက် ဂိုးပေါင်းအပေါ်ကို ကြိုက်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရနိုင်ပြီး အနိမ့်ဆုံး သုံးဂိုးလောက်က မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ခရစ္စတယ်ပဲလေ့စ် Vs နယူးကာဆယ်
ပဲလေ့စ်အသင်းက မန်ယူ၊ ချဲဆီးလ်နဲ့ ဗီလာအသင်းတို့ကို သရေကစားနိုင်ခဲ့ပြီး စပါးအသင်းကို အနိုင်ရကာ လီဗာပူးအသင်းကို တစ်ဂိုးအသာနဲ့ ကပ်ရှုံးခဲ့တာကြောင့် အသင်းကြီးတွေနဲ့ ကစားရတဲ့ ပွဲတွေမှာ ပဲလေ့စ်အသင်း ရလဒ်ကောင်းအောင် ကစားနိုင်တာ တွေ့ရပါတယ်။ နောက်တစ်ချက်က ပဲလေ့စ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ ပြန်လည်ပါဝင်တာကိုလည်း တွေ့ရတဲ့အတွက် လူပြန်စုံနေတဲ့ ပဲလေ့စ်အသင်း ဂိုးရနိုင်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက ယုံကြည်လို့ရတဲ့ အနေအထားမျိုး မဟုတ်သလို ပေါက်ကြေးအရလည်း အနိုင်ရနိုင်တဲ့ ပေါက်ကြေးမျိုး မဟုတ်ပါဘူး။ ပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရ ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ နယူးကာဆယ်အသင်း အနိုင်ရဖို့ သိပ်မလွယ်ဘဲ အလွန်ဆုံး သရေလောက်ပဲ ရမယ်ထင်ပါတယ်။ သရေကျရင်တောင် ပြားငါးဆယ်အနိုင်ရမှာ ဖြစ်တာကြောင့် အောက်ကြေးဖြစ်တဲ့ အိမ်ရှင်ပဲလေ့စ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾နော်တင်ဟန်ဖောရက်စ် Vs အစ်ဆွချ်
နယူးကာဆယ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ ဖောရက်စ်အသင်း နိုင်ပွဲပြန်ရချိန်တန်နေပြီလို့ ယူဆထားပါတယ်။ နှစ်ပွဲဆက်ရှုံးထားသလို ဒီပွဲပြီးရင် မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ အဝေးကွင်းပွဲ ကစားရမှာ ဖြစ်ပြီး စပါး ၊ ဗီလာတို့နဲ့လည်း ပွဲကြပ်တွေ ကစားရဖို့ ရှိနေပါတယ်။ တန်းတက်အစ်ဆွချ်အသင်းက ကစားပုံတော်တော်လေး တိုးတက်လာတဲ့အပြင် အိမ်ကွင်းကောင်းတဲ့စပါးအသင်းကို အဝေးကွင်းကနေ လှန်နိုင်ခဲ့ပြီး မန်ယူအသင်းကို သရေကစားထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖောရက်စ်အသင်းက တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ပေါက်ပါတယ်။ ရလဒ်ကောင်းနေတဲ့ အစ်ဆွချ်အသင်းက ကြေးကျချိန်ရောက်နေသလို အိမ်ရှင် ဖောရက်စ်အသင်းက ကြေးပြန်အောင်သင့်တဲ့ ပွဲလို့ ထင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ပေါက်ကြေးအရ အိမ်ရှင်ဖောရက်စ်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ နှစ်လုံးသွင်းမှ ကြေးအပြည့်စားရမှာ ဖြစ်တဲ့အတွက် ဖောရက်စ်အသင်းကို ရွေးချယ်ရမယ်ဆိုရင် ဂိုးပေါ်ကိုပါ တွဲရွေးသင့်တယ်လို့ ယူဆတဲ့အတွက် နော်တင်ဟန်ဖောရက်စ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝုဗ် Vs ဘုန်းမောက်
ဘုန်းမောက်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက သိပ်မကောင်းသလို တိုက်စစ်မှာ အဓိကခြေစွမ်းပြနေတဲ့ ဆီမီညိုမပါနိုင်တာကြောင့် အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ် ။ ဝုဗ်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းပြန်ကောင်းလာပြီး တိုက်စစ်ကလည်း ဂိုးရဖို့ မပူရပါဘူး။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်ရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ ဂိုးပေါင်းကြေးက စတည်ချိန်မှာ သုံးလုံးသရေလောက် ပေးထားပေမဲ့ ယခုအချိန်မှာ သုံးလုံးငါးဆယ်စားလောက်ထိ ဖြစ်လာတာကြောင့် ဂိုးပေါင်းကြေး ကျဆင်းလာတာကိုလည်း တွေ့ရပါတယ်။ ဘုန်းမောက်အသင်းရဲ့ ဘော်ဒီကြေး ပြားနှစ်ဆယ်ဆိုတာကလည်း အနိုင်ရဖို့ ခက်ခဲနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်တာကြောင့် ဒီပွဲမှာ ဝုဗ်အသင်း မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ အိမ်ရှင်ဝုဗ်အသင်း သေချာပေါက် ဂိုးရနိုင်တယ်လို့ ယူဆထားသလို သရေကျရင်တောင် ပြားနှစ်ဆယ်လောက် အနိုင်ရမှာ ဖြစ်တဲ့အတွက် ဝုဗ်ဘော်ဒီကိုပဲ ရွေးချယ်ကစားသင့်ပါတယ်။
◾ဝက်စ်ဟမ်း Vs အာဆင်နယ်
အာဆင်နယ်အသင်းမှာ လူပြန်စုံနေတာကြောင့် ရလဒ်တွေ ပြန်ကောင်းလာတာ တွေ့ရပေမဲ့ အာဆင်နယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက အရမ်းကောင်းမနေပါဘူး။ နယူးကာဆယ်နဲ့ ဘုန်းမောက်အသင်းတို့လို အလယ်အလတ်အသင်းတွေကိုတောင် အဝေးကွင်းမှာ ရှုံးနိမ့်ထားတာမျိုး တွေ့ရသလို လန်ဒန်ဒါဘီပြိုက်ဘက်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဝက်စ်ဟမ်းအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု အားနည်းတာ တွေ့ပေမဲ့ အိမ်ကွင်းဖြစ်နေသလို ဒါဘီပြိုင်ဘက် ဖြစ်နေတာကြောင့် အားထည့်ကစားလာမှာ သေချာပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းကို သိပ်မယုံချင်သလို ဒီပွဲမှာ အာဆင်နယ်အသင်း တစ်ဂိုးအသာလောက်နဲ့ဘဲ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကိုလည်း သိပ်မကြိုက်သလို ဖွင့်တိုက်ပြီး အပြန်အလှန်ဂိုးသွင်းမယ်မထင်ဘဲ ထိန်းကစားလာနိုင်တာကြောင့် ဂိုးအောက်ကိုလည်း အကြိုက်တွေ့ပါတယ်။ လန်ဒန်ဒါဘီပွဲစဥ်မှာ အဝေးကွင်းအာဆင်နယ်အသင်းကို ဘက်ကန်ရွေးချယ်မှုအဖြစ် ဝက်စ်ဟမ်းဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝါဒါဘရီမင် Vs စတုဂတ်
ရာသီအစမှာတုန်းက စတုဂတ်အသင်းရဲ့ ခြေစွမ်းက အရမ်းကောင်းခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ သိသိသာသာ ခြေကျလာပါတယ်။ စတုဂတ်အသင်းရဲ့ အဝေးကွင်း ခြေစွမ်းက သာမာန်အဆင့်မှာပဲ ရှိသလို ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ အသည်းအသန်ကစားခဲ့ရသလို ပွဲတိုင်းနီးပါး အဓိက ကစားသမားတွေကို ပွဲထုတ်အသုံးပြုနေတာကြောင့် ကစားသမားတွေမှာ သေချာပေါက် ပွဲပန်းမှုတွေ ရှိနေပါတယ်။ ဝါဒါဘရီမင်အသင်းက အသင်းလိုက်ကစားပုံ အရမ်းကောင်းတဲ့ အသင်းမျိုး ဖြစ်ပြီး ဂိုးသွင်းအားလည်း ကောင်းပါတယ်။ ဒီပွဲမှာ စတုဂတ်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်ပါတယ်။ စတုဂတ်အသင်းရဲ့ ကစားသမားတွေ ပွဲပန်းနေတာကြောင့် အဝေးကွင်းကနေ လှန်နိုင်သွားဖို့ သိပ်မလွယ်သလို ရှုံးတောင် ရှုံးသွားနိုင်တယ်လို့ ထင်ပါတယ်။ အိမ်ရှင်ဝါဒါဘရီမင်အသင်း သေချာပေါက် ဂိုးရမှာ ဖြစ်သလို အနိမ့်ဆုံး သရေကနေ စကြည့်ရမယ် ထင်ပါတယ်။ ဝါဒါဘရီမင်အသင်း အနိုင်ရသွားနိုင်တယ်လို့တောင် ယူဆထားလို့ သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရဦးမဲ့ အိမ်ရှင်ဝါဒါဘရီမင်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။