၇.၁.၂၀၂၃
Written by Pan Ei
Law & Order ဇာတ်ကားထဲက ဇာတ်ကောင်နာမည်ကို ယူပြီး Olivia Benson လို့ အမည်ပေးထားတဲ့ တေလာဆွစ်ရဲ့ ကြောင်လေးဟာဆိုရင် တန်ဖိုးဒေါ်လာ ၉၇ သန်းရှိတာကြောင့် ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး အိမ်မွေးတိရစ္ဆာန်လေး ဖြစ်လာကြောင်း All about Cats ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Scottish Fold အမျိုးအစားဖြစ်တဲ့ တေလာဆွစ်ရဲ့ ကြောင်လေး Olivia Benson ဟာ ဒေါ်လာ ၉၇ သန်း ပိုင်ဆိုင်မှုနဲ့ စာရင်းရဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိရိစ္ဆာန်အများစုဟာ ဆိုရှယ်မီဒီယာ အင်စတာဂရမ်မှာ လွှမ်းမိုးမှုတွေရှိကြပေမယ့် Olivia ကတော့ အင်စတာဂရမ်ရဲ့ ပြင်ပမှာပါ လွှမ်းမိုးမှုတွေ ရှိနေတာပါ။
Olivia ဟာ DirectTV၊ Diet Coke နဲ့ AT&T တို့အတွက် ကြော်ငြာတွေကို တေလာဆွစ်နဲ့အတူ ရိုက်ကူးခဲ့ပြီး တေလာဆွစ်ရဲ့ “Me!” နဲ့ “Blank Space” စတဲ့ ဂီတဗီဒီယိုတွေမှာလည်း ပါဝင်ထားပါသေးတယ်။
ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိရိစ္ဆာန်စာရင်းရဲ့ နံပါတ်တစ်နေရာမှာကတော့ အီတလီမီဒီယာကုမ္ပဏီ ဂွန်သာ ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ ဂျာမန် သိုးထိန်းခွေးအမျိုးအစားဖြစ်တဲ့ Gunther IV က ရပ်တည်နေပြီး ဒေါ်လာ သန်း ၁၀၀ ပိုင်ဆိုင်မှုနဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာကတော့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၄ ဒသမ ၄ သန်းရှိတဲ့ ကြောင်လေး Nala ပဲဖြစ်ပါတယ်။
Ref; The Independent