၂၇ . ၁၁ .၂၀၂၄
Wtitten by MMAK
◾ဇဗက်ဒါ Vs စတုဂတ်
လေးပွဲကစားပြီး လေးပွဲလုံးရှုံးနိမ့်ထားတဲ့ အိမ်ရှင်ဇဗက်ဒါအသင်းက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး နည်းသွားပြီ ဆိုပေမဲ့ လေးမှတ်ရထားတဲ့ စတုဂတ်အသင်းမှာ အခွင့်အရေး ရှိနေပါတယ်။ နောက်ပွဲတွေမှာ နှစ်ပွဲက ပွဲချောင်နေပြီး နောက်ဆုံးပွဲကလည်း PSG အသင်းကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တဲ့အတွက် ဒီပွဲနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒီပွဲမှာ စတုဂတ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ စတုဂတ်အသင်းရဲ့ ဘော်ဒီကြေးက ပျော့နေပေမဲ့ ဂိုးပေါင်းကြေးက ပြင်းရှနေတာကြောင့် စတုဂတ်အသင်း ဂိုးတော့ရနိုင်တယ် သရေတစ်ပေါက်ကြောက်ရမယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဆားဘီးယားကလပ် ဇဗက်ဒါအသင်းကို ဂျာမနီကလပ် စတုဂတ်အသင်း တကယ်ကန်မယ်ဆိုရင် အနိုင်ရနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးဟာ ဒီပွဲက အရေးကြီးတယ်ဆိုတဲ့ အနေအထားမှာ စတုဂတ်အသင်း သေချာဖိကစားပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဘော်ဒီပေါက်ကြေးကို သဘောမကျပေမဲ့ နောက်တစ်ဆင့်တက်ဖို့ အစွမ်းကုန်ကြိုးစားလာမဲ့ စတုဂတ်ဘော်ဒီကို ကြိုက်ပါတယ် ။
◾လီဗာပူး Vs ရီးရဲမက်ဒရစ်
လက်ရှိချန်ပီယံ ရီးရဲအသင်းနဲ့ ခြေစွမ်းအကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ လေးပွဲကစားပြီး လေးပွဲလုံး အနိုင်ရထားတဲ့ လီဗာပူးအသင်းအနေနဲ့ တိုက်ရိုက်ကစားခွင့်ရမဲ့ ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ရောက်နိုင်ပေမဲ့ ခြောက်မှတ်သာ ရထားတဲ့ ရီးရဲအသင်းအတွက်ကတော့ Play off နေရာအတွက်တောင် ရမှတ်တွေ လိုအပ်နေပါသေးတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ရီးရဲအသင်းရဲ့ အဓိက ကစားသမား ဗီနီးစီးယက် မပါနိုင်ဘူးဆိုပေမဲ့ အမ်ဘာပေနဲ့ ကစားသမားကောင်းတွေ ရှိနေသေးတာကြောင့် လီဗာပူးအသင်းကို ကောင်းကောင်းယှဥ်ကစားနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ရှစ်ပွဲမှာ ရီးရဲအသင်းက ခုနစ်ပွဲနိုင် တစ်ပွဲသရေဖြစ်ထားပြီး လီဗာပူးအသင်းက နိုင်ပွဲမရခဲ့တာကြောင့် ဒီပွဲမှာရော အနိုင်ရပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တစ်လုံးလေးဆယ်စား ပေးထားတဲ့ လီဗာပူးအသင်းအနေနဲ့ အမှတ်လိုအပ်ချက် ရှိနေတဲ့ ရီးရဲအသင်းကို နှစ်ဂိုးပြတ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ဘဲ လီဗာပူးအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးလောက်ပဲလို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ပြားလေးဆယ်ရင်းပြီး အောက်ကြေးဖြစ်တဲ့ ရီးရဲဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ အက်စတွန်ဗီလာ Vs ဂျူဗင်တပ်
ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ ခြေစွမ်းကျဆင်းလာတဲ့ ဗီလာအသင်းအနေနဲ့ ဂျူဗင်တပ်အသင်းကို အနိုင်ရဖို့ သိပ်မလွယ်ပါဘူး။ ဗီလာအိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်လိုအသင်းကိုတောင် အနိုင်ရထားတာ ဖြစ်ပေမဲ့ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်သာပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံး ပေါက်နေပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ရှေ့တန်းမှာ ဗလာဟိုဗစ် ၊ ဂွန်ဇာလက် ၊ မီလစ်နဲ့ ကွင်းလယ်မာ ဒေါက်ဂလပ်လူးဝစ် ၊ မက်ကန်နာနဲ့ နောက်တန်းမှာ ဘရင်မာတို့လို့ အဓိက ကစားသမားတွေ ဒဏ်ရာရနေပါတယ်။ ဒီအခြေအနေမှာတောင် ဗီလာအသင်းရဲ့ ပြားသုံးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက ပျော့နေတယ်လို့ ပြောလို့ရပြီး ဗီလာအသင်း အနိုင်ရမယ်ဆို ပြားခုနစ်ဆယ်လောက်ထိ ပေးသင့်ပါတယ်။ ဒီပေါက်ကြေးက သရေကျသွားနိုင်တဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး သီယာဂိုမော့တာရဲ့ ဂျူဗင်တပ်အသင်းက လျှော့တွက်လို့မရတဲ့အသင်း ဖြစ်တာကြောင့် မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ သရေကျရင်ပြားသုံးဆယ်အနိုင်ရမဲ့ ဂျူဗင်တပ်အသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ ဒိုင်နမိုဇာဂရက် Vs ဒေါ့မွန်
ခုနစ်မှတ်ရထားတဲ့ ဇာဂရက်အသင်းက Play off ကစားခွင့်နေရာအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ လေးပွဲကစားဖို့ ကျန်ရှိနေချိန်မှာ အေစီမီလန်နဲ့ အာဆင်နယ်တို့လို့ အသင်းကြီးတွေကို အဝေးကွင်းကစားရမှာ ဖြစ်တာကြောင့် အမှတ်ရနိုင်ချေ နည်းပေမဲ့ အိမ်ကွင်းမှာပွဲမှာ ကစားရမဲ့ ဒေါ့မွန်အသင်းနဲ့ ဆဲလ်တစ်အသင်းတို့ဆီကနေ သေချာပေါက် အမှတ်ရထားဖို့ လိုပါတယ်။ ခရိုအေးရှားကလပ် ဇာဂရက်အသင်းက ဥရောပသမ္ဘာရင့်အသင်း တစ်သင်းဖြစ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် ဒေါ့မွန်အသင်းကို သရေကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းဒေါ့မွန်အသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ တိုက်စစ်ကောင်းတဲ့ ဇာဂရက်အသင်း တစ်ဂိုးလောက်က သေချာပေါက်ရနိုင်တဲ့အပြင် ဒေါ့မွန်အသင်းက နိုင်ခဲ့ရင်တောင် တစ်ဂိုးထပ်မပိုဘူးလို့ ထင်ပါတယ်။ သရေကျသွားနိုင်သလို ဇာဂရက်အသင်းကတောင် လှန်နိုင်သွားတာမျိုး ဖြစ်လာနိုင်တာကြောင့် ဇာဂရက်ဘော်ဒီကို ပြားလေးဆယ်ရင်းပြီး ရွေးချယ်သင့်တဲ့အပြင် အိမ်ရှင်ဇာဂရက်အသင်း ဂိုးရနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်အပေါ်ကိုပါ ကစားစေချင်ပါတယ်။
◾ PSV Vs ရှက်တာဒိုးနတ်
နှစ်သင်းလုံးမှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ရှိနေသေးတာ ဖြစ်ပေမဲ့ ပွဲကြပ်တွေ ကစားရဖို့ ကျန်နေသေးတဲ့ ရှက်တာဒိုးနတ်အသင်းအနေနဲ့ အမှတ်ရဖို့လိုအပ်ပြီး ရှုံးလို့မရပါဘူး။ PSV အသင်းက နယ်သာလန်လိဂ်မှာ ဂိုးသွင်းကြမ်းနေပြီး အသင်းကောင်းတစ်သင်း ဖြစ်သလို ရှက်တာဒိုးနတ်အသင်းကလည်း ယူကရိန်းလိဂ်မှာ ခြေစွမ်းကောင်းနေတဲ့ အသင်းမျိုး ဖြစ်တာကြောင့် နှစ်သင်းလုံး ခြေစွမ်းကောင်းနေတယ်လို့ ပြောလို့ရပေမဲ့ သမ္ဘာပိုင်းမှာတော့ ရှက်တာဒိုးနတ်အသင်းက ပိုသာပါတယ်။ ဒီပွဲမှာ PSV အသင်းက တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ နှစ်သင်းလုံး ဂိုးရနိုင်တဲ့အတွက် ရှက်တာဒိုးနတ်အသင်းသာ တစ်ဂိုးရခဲ့ရင် PSV အသင်း သုံးဂိုးလိုက်သွင်းမှာ ကြေးအောင်မှာ ဖြစ်ပါတယ်။ PSV အသင်းက အိမ်ကွင်းအားသာချက် ရှိနေပေမဲ့ ရှက်တာဒိုးနတ်အသင်းကို နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်ဘူးလို့ ယူဆထားပြီး PSV အသင်းနိုင်ခဲ့ရင်တောင် တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ တစ်ဂိုးနဲ့ရှုံးရင်တောင် ပြားငါးဆယ် အနိုင်ရဦးမဲ့ အောက်ကြေး ရှက်တာဒိုးနတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဆဲလ်တစ် Vs ကလပ်ဘရုဂ်
ဘရန်ဒန်ရော်ဂျာရဲ့ ဆဲလ်တစ်အသင်းက စကော့တလန်လိဂ်မှာ ခြေစွမ်းကောင်းနေသလို အိမ်ကွင်းတိုက်စစ်က ဂိုးမြူးလေ့ရှိပါတယ်။ ခြောက်မှတ်ရထားတဲ့ ကလပ်ဘရုဂ်အသင်းက နောက်ပွဲတွေမှာ မန်စီးတီးနဲ့ ဂျူဗင်တပ်တို့လို့ အသင်းကြီးတွေနဲ့ ကစားရဖို့ရှိနေတာကြောင့် ဆဲလ်တစ်အသင်းနဲ့ တွေ့နေချိန်မှာ အကောင်းဆုံး ယှဥ်ကစားဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီပွဲမှာ ဆဲလ်တစ်အသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပြီး ကလပ်ဘရုအသင်း ဂိုးရနိုင်တဲ့ အနေအထားမျိုးတွေ့နေရပါတယ်။ အိမ်ရှင်ဆဲလ်တစ်အသင်းကလည်း ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်ဆိုတဲ့ ဂိုးပေါင်းကြေး ဖြစ်နေပါတယ်။ ဆဲလ်တစ်ဂိုးရရင် ကလပ်ဘရုအသင်းက တိုက်စစ်ပြန်ဖွင့်ကစားမှာ ဖြစ်သလို ကလပ်ဘရုဂ် ဂိုးစရခဲ့ရင်လည်း အိမ်ရှင်ဆဲလ်တစ်အသင်းက ဂိုးပြန်သွင်းနိုင်ပါတယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သုံးဂိုးလောက်မြင်ရဖို့ မခက်ဘူးလို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။