၂၇.၁၁. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha ခရိုင် ၏ လက်ထောက်ကော်မရှင်က ပြည်နယ်အတွင်း ရေနံနှင့် ဒီဇယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် တရား မဝင်ကုန်သွယ်မှုများကို တားဆီးရန်အတွက် မြန်မာ နိုင်ငံဘက်ခြမ်းသို့ ရေနံနှင့် ဒီဇယ်များရောင်းချခြင်းမလုပ်ဆောင်ရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
Siaha ခရိုင်၏အရင်းအမြစ်များက Lungpuk ကျေးရွာနှင့် Longmasu ကျေးရွာတို့ကို ဖြတ်သန်းပြီး ရေနံနှင့် ဓာတ်ဆီအများအပြားကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရခိုင်လက်နက်ကိုင် AA အဖွဲ့ နှင့် ချင်းပြည်နယ်တို့ကို သတ်မှတ်ဈေးနှုန်းများထက် ပိုမိုတင်ပို့ရောင်းချခြင်းများရှိနေကြောင်း ပြောသည်။
Siaha ခရိုင်၏ လက်ထောက်ကော်မရှင်က ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ပြဌာန်းခဲ့သော Bharatiya Nagarik Suraksha Sanhita ဥပဒေအပိုဒ် (၁၆၃) အရမြန်မာနိုင်ငံဘက်ခြမ်းသို့ ရေနံနှင့် ဒီဇယ်များ ရောင်းချခြင်း မလုပ်ဆောင်ရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့အပြင် Lawngtlai ခရိုင်ကလည်း မြန်မာနိုင်ငံသို့ ဓာတ်ဆီနှင့် ဒီဇယ်များ တရားမဝင် တင်ပို့ခြင်းများမလုပ်ဆောင်ရန် တားဆီးပိတ်ပင်သောအမိန့်များ ယခင်က ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။
အဆိုပါ ခရိုင်သည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှင့် နယ်စပ်ချင်းထိစပ်နေသော ဒေသဖြစ်ကြောင်း သိရသည်။ Siaha ခရိုင် နှင့် Lawngtlai ခရိုင်ကော်မရှင်နာများက မြန်မာနိုင်ငံဘက်ခြမ်းသို့ ဒီဇယ်နှင့်ရေနံများ တင်ပို့ရောင်းချခြင်းများကြောင့် ၎င်းတို့ဒေသအတွင်းတွင် လိုအပ်ချက်များရှိလာခဲ့ပြီး ဒေသအတွင်းလုပ်ကိုင်နေသောလုပ်ငန်းများ ထိခိုက်စေခဲ့ရကြောင်း ပြောသည်။
Ref, timesofindia.