၂၇.၁၁.၂၀၂၄
Written By Thandar
Miss Universe 2024 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အလှမယ် သက်စံအန်ဒါဆန်က ယနေ့ နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ရာ ဒီပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Crown ကို သယ်ဆောင်နိုင်ခွင့်မရခဲ့လို့ တောင်းပန်တယ်လို့ဆိုပါတယ်။
“ကိုယ့်မြန်မာနိုင်ငံအတွက် အားအင်တွေလုပ်ထားပြီမှ Placement မရချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်မက မြန်မာပြည်ကို ပြန်လာဖို့က အရမ်း Exceptive ဖြစ်နေတယ်။ ကိုယ့် မြန်မာနိုင်ငံအတွက် Crown ကို မသယ်လာနိုင်လို့ တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်မက ဒီပြိုင်ပွဲအတွက်လည်း ကိုယ့်ဘာသာကိုယ် တော်တော်လေးကို ပြင်ဆင်ထားတယ်။ ဘာပြန်ရလဲဆိုရင်တော့ Experience တွေ ပြန်ရခဲ့တယ်။ နောက်နှစ်ပြိုင်မယ့်အလှမယ်အတွက် ဘယ်လိုပြင်ဆင်ဖို့ ပြောနိုင်သွားတာပါ။ ကျွန်မကို ကိုယ်နိုင်ငံက အားပေးကြလို့လည်း အရမ်းပီတိ ဖြစ်ခဲ့ရပါတယ်” လို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်သက်စံက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၇၃ ကြိမ်မြောက် Miss Universe 2024 ပြိုင်ပွဲကြီးမှာ သူမက အကောင်းဆုံး ကြိုးစားမှုယှဉ်ပြိုင်မှုတွေကတော့ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။ အလှမယ် သက်စံကတော့ အဆိုပါပြိုင်ပွဲပြီးပြီးချင်းမှာ မက္ကဆီကိုနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကို မိခင်ဖြစ်သူနဲ့အတူ လည်ပတ်ပြီးမှ ပြန်လာတယ်လို့လည်း သိရပါတယ်။
သူမက ပြိုင်ပွဲကြီးမှာ လူငယ်များရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကျိုးပြု Project Voice for Change Project မှာ Top 10 စာရင်းထဲကို မြန်မာကိုယ်စားပြုအလှမယ် သက်စံက နံပါတ် ၆ နေရာဝင်ရောက်ခဲ့သလို Miss Universe 2024 ရဲ့ Second Hot Picks ဖြစ်နေတဲ့ အလှမယ်အယောက် ၃၀ စာရင်းထဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် Miss Universe Myanmar 2024 သက်စံအန်ဒါဆန် က No.20 နေရာမှာ ပါဝင်ခဲ့တာပါ။